ကမ္ဘာမြေကြီးက ဘယ်အရာမှ အလကားမပေးပါ – နရီထက်
ပန်းတစ်ပွင့်ကို နမ်းရှိုက်ခွင့်ရဖို့
ပျိုးခင်းလေးဘ၀မှာ ပျော်ရွှင်နှစ်သက်မိတယ်
လမင်းလေးကို လှမ်းမျှော်ငေးကြည့်ခွင့်ရဖို့
လပြည့်မယ့်ရက်ကလေးကို စောင့်မျှော်မိတယ်
ကြယ်ကလေးတွေ ရေတွက်ကြည့်ဖို့
ကြယ်စုံညကို စောင့်စားခဲ့တယ်
လေပြေကလေးတွေ ရှုရှိုက်ခွင့်ရဖို့
အသက်ရှုခွင့်တွေ ရပ်မတန့်စေချင်ဘူး
ငါ့မျက်နှာမှာ အပြုံးစက်တွေ မြင်နေရဖို့
ငါ့နှလုံးသားကို ဖြူစင်နေအောင် ကြိုးစားရတယ်
တိုးတက်မှုကို လက်လှမ်းယူဖို့
ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရတယ်
ရယူမှုကို သိမ်းထားချင်တော့
ပေးဆပ်မှုကို ရင်းနှီးရတယ်
နည်းနည်းပြောတတ်ဖို့
များများ အသိခံခဲ့ရတယ်
ရင်ကော့နိုင်ဖို့
ခေါင်းငုတ်ခံဘ၀ကို လျှောက်လှမ်းခဲ့ရတယ်
ဂရုစိုက်ခံချင်လို့
အများတကာကို ဂရုစိုက်မှုတွေ ပေးသက်ခဲ့တယ်
အလကားမပေးချင်တဲ့ ကမ္ဘာမြေကြီးက
ငါကို မျက်နှာသာ အပိုမပေးခဲ့ပါဘူး…။ ။
နရီထက်
( ၀၅ ၊ ဇန်န၀ါရီလ ၊ ၂၀၁၀ )
Comment #2
ဟုတ်တယ်….ကိုန၇ီထက်ေ၇…..

Comment #3
အရမ်းကိုမှန်တယ်။တပုဒ်လုံးကောင်းတယ်အကိုကြီး။အမြဲတမ်းအားပေးနေတယ်နော်

Comment #4
သည်ကဗျာသည် မလေးရှားနိုင်ငံထုတ် အပြင်စီးမဂဇင်း ဖေဖော်ဝါရီလထုတ် 2011 တွင် ဖော်ပြခြင်းခံရသည်။

Comment #5
straight forward and touched

Comment #1
မျက်နှာသာမပေးတဲ့အပြင် ………. တစ်ခါတစ်လေ နောက်ကျောက ခပ်ပြင်းပြင်းလေးအုပ်တာ ခံရတယ်ဗျာ