ကတုံးယောက်ျား
မောင်ကတုံး… မင်းရင်ထဲမှာ
ဘာတွေဖြစ်ပျက်နေလဲဆိုတာ
မင်းခေါင်းပေါ်က ဆံပင်တွေကို ကြည့်လိုက်ရင်
တို့ သိနေပါတယ်… မောင်ကတုံး…
မင်းခေါင်းပေါ် ဘာကြောင့် ဆံပင်တွေ
တစ်ပင်မှ မရှိတော့တာ
လူတွေမေးရင် မင်းဘယ်လို ဖြေမလဲ
မင်းရင်ထဲက ရှိတဲ့ အတိုင်း ၀န်ခံပြီး ပြောထွက်မလား
်ရွှေလို တန်ဖိုးရှိတဲ့ အချိန်ကို
လူတွေနဲ့မတူအောင် ဖြုန်း
အချိန်က မင်းခေါင်းပေါ်က ဆံပင်တွေကို ကိုက်စားကုန်
အခုတော့ ပြောင်လို့ မင်း ကတုံးဘဝ
ရောက်ခဲ့ရပြီ မလား…..
ကတုံးဘ၀ဆိုတာလည်း
ဘုန်းကြီးတစ်ပါး ဘ၀တော့ မဟုတ်
သီလရှင်တစ်ပါးလည်း မဟုတ်ပါဘူး
အရင်နဲ့ မတူအောင်လို့
ခေါင်းပေါ်က ဆံပင်တွေ အကုန်ရိတ်
မင်းဘ၀သစ် စဖို့လား… ၊
Comment #2
he,,he,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကတုံးရယ် ဖြစ်မှ ဖြစ်ရလေကွာ ရာသီဥတုက ပူကပူနဲ့ ကတုံးလေတစ်ခြမ်းဖြတ်ကဗျာ ပေါ်လာဦးမယ်..
အားပေးသွားတယ်ညီ… ကောင်းပါတယ်ဗျာ