★•.☆ အမုန်းမိုးရွာတဲ့နေ့..☆•.★
အမုန်းမိုးတွေရွာတဲ့နေ့မှာ…
သံယောဇဉ်နွယ်ခက်တွေက တဖျတ်ဖျတ်လက်….၊
ဒိန်း….ကနဲ အသံကြားလိုက်ရတဲ့အခိုက်..
ငါ့ရင်ခုန်သံတွေ ပစ်ချလိုက်မှန်း သိလိုက်ရတယ်….
ရွက်လွင့်ထားတဲ့စိတ်တွေ…အဓိပ္ပာယ်မမဲ့စေဖို့…
ပူလောင်နေတဲ့ရင်ခုန်သံတွေ…ဆူညံစွာ မြည်ဟီးပေးနေမယ်….၊
(အလှူကြီးပေးသလိုလေ ….. !!! )
မုန်တိုင်းဆဲတဲ့ တစ်မနက်တဲ့…
စောင့်နေလိုက်ရတာ နာဂစ်တုန်းကလိုပဲ….၊
လှည့်ကြည့်တော့ နင်ပေးတဲ့ဒဏ်ရာတွေ…
ငါ့မှာ … အပြတ်ပြတ် အဆဲဆဲနဲ့….အလဲ..အကွဲ
ပါးဟက်ဖဲ့ခံရတဲ့ ငါးလိုလူးနေတာ……
အမြဲမူးနေတဲ့ အမုန်းမီးလျှံ ဆိုတဲ့…ငါ့လိုပါပဲ…..၊
ချစ်လွန်းလို့ စွန့်ပစ်သွားတာတဲ့လား …
ဟားဟား ……………………………
အင်္လကာတွေနဲ့ ဖွဲ့တဲ့အချစ်နဲ့ နှောင်ရစ်ပြီးမှ
မသင်္ကာစရာ အပြစ်ကိုပြပြီး ငါ့ကိုထားခဲ့တာ….
ရင်နာစရာ အဖြစ်တခုဆိုတာ နင်သိလား
လင်သာယူလိုက်ပါတော့ဟာ……
( ငါ့ထက်တော့ ဘယ်သူဖြစ်ဖြစ်သာမှာပါ….ရန်အေးအောင် ယူသာယူလိုက်။ )
တကယ်ဆို ငါ့ရင်ကိုခွဲခုတ် …၊
အသဲကို ဆွဲ…ဆုတ်ပြီးမှ မီးကင်…..
နင့်ရင်ခွင် ယာဇ်ပလ္လင်မှာ တင်ထားပြီးမှ….
ညီမလေးရေ ကိုကြီးကျော်ကိုတင်……!!!
ဒီကောင့် အသဲ… ကင်ကျွေးလို့ကတော့ ကျိန်းသေမူးမှာ…..
(အရက်ပုလင်းတော့ ထည့်မဆက်နဲ့ပေါ့)
ပြစ်ချွဲနေတဲ့စကားတွေနဲ့…..အဆစ်မဆဲခဲ့ပါနဲ့တော့…
အမုန်းမီးလျှံ ဆိုတဲ့ ငါ့ကို……
အပြုံးကြီးနဲ့ မုန်းတီးနေတတ်အောင် သင်ပေးခဲ့တာလား ….
ဟင့်အင်း … မလိုပါဘူးလေ…ငါက G ပုန်းကြီးမှ မဟုတ်တာ.. 😀
ထားပါလေ…နင်သွားချင် သွားလိုက်ပါ ကောင်မလေးရယ်….
အစဉ်သနားတတ်တဲ့…ငါက…ခွင့်လွှတ်နေတာကို….
ဖင်ယားတတ်တဲ့ အကောင်လို့ ပြောခံရတာတော့ ရင်နာမိတယ်။
အမြင်မှာ ငြိတွယ်ခဲ့တဲ့ မင်းအလှကို…ဖျောက်လို့….
တရားသဘောနဲ့ယှဉ်ကာတွေးကြည့်မိတဲ့
ငါ့…အကိုကြီး ပြောသလိုတော့..ပြောလိုက်ချင်သေးတယ်….
DEEPER INSIDE FROM MY HEART SAYFEEL FAR BETTER THAN EVER LIKEWE ARE AT EASTER !!!! 😉 CHEER BOYZ … CHIN UP …. EVERY HUMAN BEING HAS TO FACE IT WHEN THEY ARE YOUNG.
★•.☆ ϰσмɛƨιcκ ☆•.★
Comment #1
OMG !!!!!!!! အပြင်းစားစစ်စစ်ပါလား…. ရေလေးဘာလေး ရောလိုက်ပါဦး ညီရေ..