“ကိုယ့်အမြီးကိုယ် ပြန်မျိုထားတဲ့ လွယ်အိတ်”
“ကိုယ့်အမြီးကိုယ် ပြန်မျိုထားတဲ့ လွယ်အိတ် “
ဘာမှတော့ မဟုတ်ပါဘူး
တခါတလေမှာ
လူသူကင်းရာ မှတ်တိုင်အိုလေးထဲ
တွေးတွေးငေးငေး ထိုင်နေမိတယ်
ဘတ်စ်ကားအဟောင်းတွေပေါ်က
လူအဟောင်းတွေကို ကြည့်ရင်း
အိမ်ပြန်ရောက်ရင် မျက်နှာသစ်ဖို့ စဉ်းစားတယ်
( ချာတိတ်ရယ် )
ငါက ထိလွယ်ရှလွယ်ကောင်ပါ
စိတ်တွေ ကသီကဝေယိုင်နွဲ့
အိမ်ပြန်ဖွဲ့ ကဗျာတပုဒ်ထဲ
အလွမ်းတို့ တွဲကပ်ငြိခို
ဘယ်ကမ္ဘာတိုင်အောင် ငါ ငိုနေရမှာလဲ
( မင်းကိုလွမ်းတယ် )
မလွယ်ပါဘူး ကောင်မလေးရယ်
ပြောမထွက်တဲ့ စကားလုံးတွေနဲ့
ခပ်တည်တည် လှည့်လွမ်းနေရတာ
ကြာတော့ ငါ နွမ်းလာပြီ
မင်းသိဖို့ မလိုလို့
သိအောင်လည်း ငါမပြောပါဘူး
ကိုယ့်ကိုကိုယ် ညာတဲ့ အရူးတွေထဲမှာ
( ငါကတော့ )
တမူးသာလိမ့်မယ်
ချီရွန် ( ပုလဲ )
Comment #4
so nice
By: ei lay at Dec 11, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းသိဖို့ မလိုလို့
သိအောင်လည်း ငါမပြောပါဘူး
ကိုယ့်ကိုကိုယ် ညာတဲ့ အရူးတွေထဲမှာ
( ငါကတော့ )
တမူးသာလိမ့်မယ်