ပြက္ခဒိန်မဲ့ ငါ့နေ့ရက်တွေ
ပျော်စရာနေ့ရက်တွေသိဖို့
ရွက်ဆုတ်ပြက္ခဒိန်ဟာ
ငါ့အတွက် မဟုတ်မှန်း
နှစ်ကုန်မှ ငါသိခဲ့ရတယ်
ဖြစ်ချင်တာမဖြစ်တဲ့
ဟောဒီလောကကြီးမှာ
ဘာကြောင့်
ငါလုပ်ချင်တာတွေလုပ်နေရတာလဲ
ခြောက်သွေ့တဲ့ ကန္တာရထဲမှာ
ငါဟာ
ရေကြည် တစ်စက်ကို ရှာနေသူပဲ
ကံကံရဲ့ အကျိုးကို မယုံကြည်တဲ့ငါ
ကံစေရာနောက်ကို
ငါလိုက်ခဲ့ရပြီလေ
နောက်ဆုံးတော့
“စုံဂဏန်းကို စုံဂဏန်းနဲ့စားတော့
ပျတ်ပေါ့´´ ဆိုတဲ့
“ခင်ဇော်မြင့်´´ ရဲ့ကဗျာစာသားလေးကို
အသံတိမ်တိမ်နဲ့
ရွတ်နေမိတော့တယ် ။ ။