Professional Authors

နောင်တ-၂

ပင်မြင့်ပန်းပွင့်
လှမ်းလင့်ယူငင်
ဆွတ်ချုချင်၍
စင်မြင့်တစ်ခု ဆောက်ခဲ့သည်။

ပင်ယံထက်မှ
ပန်းပွင့်ကြစေ
ခြွေရန်အသင့်
စင်မြင့်ပေါ်က စောင့်စားမည်။

မမျော်လင့်ပါ
စင်မြင့်အောက်ဘက်
မြေပြင်ထက်ဝယ်
စံပယ်ဖြူဖြူ ပွင့်လာသည်။

စင်ပေါ်ကလူ
စံပယ်ဖြူကို
ယူငင်ဖို.ရာ
မမှီသာခဲ့
အဲဒါငါသိပ် ရင်နာတယ်။    ။
(ကလေးကဗျာလို.သဘောထားဖတ်ပါဗျာ။ ၁၅.၉.၁၉၉၅ ကရေးတာပါ)

In: ကဗျာ Posted By: Date: Jan 7, 2011
Comment #1

စင်ပေါ်ကလူ
စံပယ်ဖြူကို
ယူငင်ဖို.ရာ
မမှီသာခဲ့
အဲဒါငါသိပ် ရင်နာတယ်။ ။

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #2

ကလေးကဗျာလိုပဲဖတ်ပါတယ်…….. 😛
ကိုမော်နီပျော်ရွှင်ပါစေ………။ ။

commentinfo By: ကဗျာချစ်သူ at Jan 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment