အကြောင်းအရာမဲ့ ခံစားချက်
ငါ့ဘဝက မာယာတွေတော့မပါဘူး
ဒါပေမယ့်..
အလိမ်အညာတွေတော့
နည်းနည်းပေါတယ်
အကြောတော့မခံဘူး..
ငါမနက်ဖြန်တိုင်းကို
ငါ့လက်နဲ့ငါရေးတယ်…
ငါ့လက်ကို ငါသွေးတယ်
ကြမ်းတမ်းတယ်လို့မပြောနိုင်ရင်တောင်
မနူးညံ့ဘူး…
ငါ့မာနနဲ့ ငါ့ဘဝကိုတည်ဆောက်
ငါညံ့ခဲ့တယ်ဆိုရင်တောင်
ဘယ့်သူရှေ့မှဒူးမထောက်ဘူး…
တိမ်တွေပေါ်မှာ မျောလွင့်ဖူးသလို
လူတွေမမြင်အောင် လူးလိမ့်နေအောင်
ရင်ကွဲဖူးတယ်…
ဘယ်သူချစ်တာမှလိုချင်လို့မဟုတ်ဘူးနော်
နောင်ဘဝထိမငိုချင်ယုံပါ………..
Comment #5
ငါ့မာနနဲ့ ငါ့ဘဝကိုတည်ဆောက်
ငါညံ့ခဲ့တယ်ဆိုရင်တောင်
ဘယ့်သူရှေ့မှဒူးမထောက်ဘူး…
ကောင်းတဲ့ကဗျာလေးပဲ..အားပေးနေတယ်
By: အသဲကွဲမိုး at Jan 7, 2011
Comment #8
ညိုေ၇…. မာနကပြင်း၇ှလှပါတယ်
ငါ့မာနနဲ့ ငါ့ဘဝကိုတည်ဆောက်
ငါညံ့ခဲ့တယ်ဆိုရင်တောင်
ဘယ့်သူရှေ့မှဒူးမထောက်ဘူး…
အ၇မ်းလှတဲ့ စာသားလေးပါ
ဘု၇င်မ အားပေးပါတယ်
ချီးလဲချီးကျူးမိပါတယ်
By: ဘု၇င်မ မာယာ at Jan 9, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ညို…အေ၇းအသားတွေကတော့ မိုက်တယ်..အားပေးနေတယ်