သူငယ်ချင်းလေးသို့
ဘေးလူတွေရဲ့
ယောင်ဝါးဝါးစကားတွေကြားမှာ
မင်းမျက်ဝန်းတွေကို
ငါကိုယ်တိုင်ဘာသာပြန်မှားခဲ့တာပါ
မင်းဆီမှာအရမ်းချစ်ရတဲ့သူ
ရှိတယ်ဆိုတာသိထားလည်း
ကိုယ့်ဘက်ကိုယ်ယက်တဲ့အတွေးတွေနဲ့
ငါ…..
ပျော်ရွှင်ခဲ့ပါတယ်
မင်းနဲ့ဆုံတဲ့အခါလည်း
ငါ့ရင်ခုန်သံကတ၀ုန်းဝုန်းညံလို့
တကယ်ဆို
ငါ့အဖြစ်က
စိတ်ကူးယဉ်ပင်လယ်ထဲမှာ
ရွက်မပါတဲ့လှေငယ်ကိုလှော်ရင်း
မုန်တိုင်းကိုဆီးကြိုနေ၇တာပါဟာ…. ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်းအရမ်းကောင်းပါတယ်ဒါပေမဲ့သူငယ်ချင်းအသဲကွဲနေမှာပေါ့နော်