မသဲကွဲ ဖြောင့်ချက် (သက်ထွေး)
ဆန္ဒအိမ်အိုက
ငါ့တိမ်ညိုတို့ကို
ပြိုစေတော့တာပဲ ..
မျဉ်းကွေးတစ်ခုရဲ့
ဖြောင့်ချက်ဟာ
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီများ
ဖြစ်နေလေရော့မလား ..
ဖြူစင်ချင်လို့
မင်းစာမျက်နှာမှာ
ငါဗလာချပ်
ဖြစ်စေခဲ့လေရဲ့ …
ညီမလေးရယ် …
ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …
ကိုယ့်အမှောင်နဲ့
ကိုယ်မပီသ
မင်း … နှောင်ကြိုးနဲ့လည်း
ကိုယ်ဟာ
မညီမျှပါဘူး …
ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …
ညီမလေးရေ …
နောက်ဆုံးတော့
ဥသြက
ငါ့နွေလယ်ပြင်ကို
ပိုလို့ရင့်မှောင်စေတော့တာပါပဲ ။ ။
သက်ထွေး
မေ ၂၉ ၂၀၀၉ မနက် ၉း၂၆
Comment #2
🙂 … mite tae .. thet gyi
Comment #7
shal pae kwar , mite tae , khite twar p brit kyi 😀 keep it up..
Comment #8
ဒီကဗျာ သေအောင် ကြိုက်တယ်
Comment #13
ကြိုက်တယ်။။။။။။။။။။။။။။။။။။။။။။။။။
မင်းလူန
Comment #17
ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …
ညီမလေးရေ …
နောက်ဆုံးတော့
ဥသြက
ငါ့နွေလယ်ပြင်ကို
ပိုလို့ရင့်မှောင်စေတော့တာပါပဲ ။ ။
Comment #18
ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …
Comment #1
ကဗျာ ငတ်နေတဲ့ အရဲ ကိုတီတီကဗျာနဲ့ ၀မ်းဝခဲ့ရပါပြီ.. ဟီး..
ရေရေလည်လည် ထိတယ်ရော်..