ဒီလိုရေးလို့ ရလား
၁/၀၀။ ။ကျွန်တော့်တောင်ယာလေးထဲလောင်မီးကျ
သီးနှံတွေလည်းနွမ်းလျနေခဲ့ရပြီ
မိုးတစ်ပြိုက်နှစ်ပြိုက်ရွာရုံနဲ့ တော့ ခိုက်ခိုက်တုန်အောင်မအေးဘူးလေ
ဂျပိုးနဲ့ လိပ် တိရိစ္ဆာန်ချင်းတော့အတူတူ
ကျွန်တော်ကတော့ ခွေးလေးတွေနဲ့ ဆော့ရတာပိုပျော်တယ်
၂/၀၁။ ။ လိုက်……လိုက်……လိုက်….
လိုက်ဆိုလိုက်……ကိုက်ဆိုကိုက်….
မမှီမကမ်းလိုက်…..ကစဥ့်ကလျား
ဒါဝင်……ရိုဒင်…..
(ဒါလောက်ပဲလား…………)
တစ်ယောက်စ နှစ်ယောက်စ
ဘာတဲ့ …….၀ါဒဆိုလား ဘာလား
ကိုယ်ကတော့ ကိုယ်တိုင်တွေးတယ်
အဆုတ်အအေးပတ်မှာကြောက်လို့ 
၃/၀၂။ ။မပြောနဲ့ ……..
လဒလောက်တော့ ငှက်တိုင်းလှတယ်
ခါးခါးလေးတွေမှချိုချင်ရင်
(ရတယ်………)
နေ့ တိုင်းသောက်ရမယ် ပွင့်ပွင့်လင်းလင်းသာပြော
အားးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အဲလိုမအော်နဲ့  မိုးထက်အောင်မလုပ်ချင်ဘူး
၎/၀၃။ ။ နား…မျက်စိ…..နှာခေါင်း
(အဲ……နှာခေါင်းတော့မပြောတော့ပါဘူး)
ဒီကောင်လေးအနံ့ ခံကောင်းတယ်မေမေ…အိမ်လဲလုံတယ်
အားမလိုအားမရ နောက်နေ့ ကျရင်စာအုပ်ထုတ်မယ်
မြန်မာ့အကြောင်းသိကောင်းစရာ
ဗုန်းဘောလအောတွေ….ဗုန်းဘောလအောနေကြတယ်
၅/၀၄။ ။ကမ္ဘာနဲ့ ချီ ……………
တော်လိုက်တာ……..(ဘာမှန်းမသိ လက်ခုပ်တီး)
ဖြောင်း…..ဖြောင်း……ဖြောင်း……
အာလူးနဲ့ နားရွက် ဒါပဲပြောစမှတ်ဖြစ်နေတယ်
လိုက်…….လိုက်…..လိုက်…..
မမှီမကမ်းလိုက်……………………
အမောတကောလိုက်…………………………..
( ဖြောင်း…..ဖြောင်း………ဖြောင်း………
ဖြောင်း…….ဖြောင်း…………..)
တွေ့ လားမေမေ….ကျွန်တော့်ခွေးလေးရှေ့ ဆုံးကပန်းဝင်တယ်
၆/၀၅။ ။ကျွန်တော့်တောင်ယာလေးထဲလောင်မီးကျ
သီးနှံတွေလည်းနွမ်းလျနေခဲ့ရပြီ
မိုးတစ်ပြိုက်နှစ်ပြိုက်ရွာရုံနဲ့ တော့ခိုက်ခိုက်တုန်အောင်မအေးဘူးလေ
မိုးထက်အောင် ကဗျာကယာရေးတဲ့ကဗျာ ပြီးချင်မှပြီးဦးမယ်
ဂျပိုးနဲ့ လိပ်တိရိစ္ဆာန်ချင်းတော့အတူတူ
ခဏခဏမရေးချင်ဘူး ဘာတွေရေးမှန်းလည်းမသိဘူး
မပြောနဲ့ ……….
လဒလောက်တော့ ငှက်တိုင်းလှတယ်
အာရုံနောက်အောင်လာမလုပ်နဲ့ 
( ဖြောင်း…..ဖြောင်း………ဖြောင်း………
ဖြောင်း…….ဖြောင်း…………..)
တွေ့ လားမေမေ….ကျွန်တော့်ခွေးလေးရှေ့ ဆုံးကပန်းဝင်တယ်
(တောင်ယာ၊မီးကျ၊ဂျပိုး၊လိပ်၊တိရိစ္ဆာန်၊လိုက်၊ဒါဝင်၊ရိုဒင်၊ကစဥ့်ကလျား၊လဒ၊ခါးခါးလေးတွေ၊အာလူး၊နားရွက်၊ဖြောင်း…..၊
ရှေ့ ဆုံးကပန်းဝင်၊ခဏခဏမရေးချင်ဘူး၊မိုးထက်အောင်ကဗျာ ပြီးပြီ)။ ။
မိုးထက်အောင်
Comment #1
မိုက်ချက်…………………
လူတော်ကြီးအားပေးနေတယ်ဗျ