ကဗျာမစပ်တတ်ဘူးဆိုပေမယ့်
ငါ့ရဲ့ခပ်ထိုင်းထိုင်း ဦးနှောက်က
သံချက်မမှန်တဲ့ နာရီ စက်သံကို နားထောင်ရင်း
ကာရန်မကျတဲ့ ကဗျာတစ်ပုဒ်ကိုပဲ
ထပ်ကာထပ်ကာ စပ်နေမိတယ် ။
မခံစားတတ်ဘူးဆိုပေမယ့်
ငါ့ရဲ့ ခပ်ပင်းပင်းနားတစ်စုံက
HipHop သီချင်းတစ်ပုဒ်ကို
ခပ်ပျင်းပျင်းနားထောင်ရင်း
Ruby တွေကို တစ်လိပ်ပြီးတစ်လိပ် သောက်နေမိတယ်။
မချစ်တတ်မကြောက်တတ်ဘူးဆိုပေမယ့်
ငါ့ရဲ့ စုတ်ပျတ်သတ်နေတဲ့ ဆာလောင်မှုက
ဒီအချိန်
ချစ်သူမင်းမရှိရင်နေပါ
အစီခံရောက်တော့မယ့်
ဆေးလိပ်တိုလေး ကုန်သွားမှာကိုပဲ ကြောက်နေမိတယ် ။
မယဉ်ကျေးခဲ့ဘူးဆိုပေမယ့်
ငါ့ရဲ့ အတ္တဆန်ဆန် နှလုံးသားက
မှော်လိုဖမ်းစားတတ်တဲ့
အဖြူရောင်စကားလုံးတွေနဲ့ပဲ
ဗြောင်ကျကျ ရင်ဆိုင်ခဲ့တာပါ
ဒါပေမယ့်
ရဲ့ဖြူစင်တဲ့ တေးသွားတွေကို
သူတို့မကြားတတ်ခဲ့ဘူး
ငါ့ရဲ့ ဖြူစင်တဲ့ သင်္ကေတတွေကို
သူတို့ မဖတ်တတ်ခဲ့ဘူး
ငါ့ရဲ့ ဖြူစင်တဲ့ အသင်္ချေတွေကို
သူတို့ မသိနိုင်ခဲ့ဘူး ။
ရင်မဆိုင်ခဲ့ဘူး ဆိုပေမယ့်
ငါ့ရဲ့ ကျို့ကျဲကျဲ အခွင့်လမ်းမှာ
ညဥ့်ပျောက်ငှက် တစ်ကောင်ရဲ့ ဘ၀နဲ့
ဘ၀ကို ရုန်းကန်နေရလို့ပါ
ဘ၀ကို ရုန်းကန်နေရလို့ပါကွာ ။
မှားတွေ ခါခါ လုပ်ခဲ့တယ်ဆိုပေမယ့်
ငါ့ရဲ့ ဖြူစင်တဲ့ အပြာရောင်စာမျတ်နှာမှာ
Corrective-Pen တစ်ချက်
မသုံးခဲ့ပါဘူး
ဒါတောင်မှ ငါ့အတွက်များ
စကားတွေများ
လက်ငြိုးတွေလွင့်
ဖြစ်တတ်တဲ့ အကျင့်ထက်ပိုနေမလားလဲ
ပိုနေမလားပဲနော် ။ ။
Comment #1
ဖြစ်တတ်တဲ့ အကျင့်ထက်ပိုနေမလားလဲ
ပိုနေမလားပဲနော် ။ ။
ဒီနေရာလေး တစ်ခုခု ဖြစ်နေသလားလို့……….. ကဗျာလေးက ကောင်းတယ် ကိုမင်းခန့်သူရေ… အမြဲအားပေးနေတယ်ဗျာ…