အပြန်လမ်း
ဝေးခဲ့တာလဲကြာပါပြီ.
မြေလမ်းလေးရယ်..
အပင်အုပ်လေးရယ်..
ငါလာရင်နှုတ်ဆက်တတ်တဲ့သူတွေရယ်..
ငါပြန်ရောက်တိုင်း
ပြုံးပြီးကြိုလေ့ရှိတဲ့အမေရယ်…။
သီချင်းတွေအတူတူ
အော်ဆိုပေးတဲ့အဖေရယ်..။
ငါချစ်တဲ့အိမ်လေးရယ်..။
အိပ်မက်ထဲမှာတောင်မရနိုင်တော့တဲ့
မိသားစုထမင်းဝိုင်းလေးရယ်…။
လွမ်းလိုက်တာကွယ်..။
…….ဒီလိုနဲ့ ပဲ…….
ဝေးခဲ့တာလဲကြာပြီ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service