မထားခဲ့ပါနဲ့ (၂ )
ချစ်သူ
နင်ကျင်လည်နေတဲ့ နင့်ပတ်ဝန်းကျင်ထဲ
ငါ့အကြောင်းမေ့ချင်မေ့ထားလိုက်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့……။
ချစ်သူ
နင်ယုံကြည်တဲ့ နင့်အနာဂတ်အတွက်
အလွမ်းဆိုတာကို စတေးပြီး….အစွမ်းကုန်နင်ကြိုးစားလိုက်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့…….။
ချစ်သူ
နင်ခုံမင်တဲ့ နင့်အသိုင်းအ၀ိုင်းတွေထဲ
ပျော်ရွှင်ခြင်းကို အရင်းပြု စိတ်လွတ်ကိုယ်လွတ် နင်ရွှင်မြူးလိုက်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
ချစ်သူ
နင်လိုချင်တဲ့ ဘ၀တစ်ခုအတွက်
စက္ကန့်တံရှေ့တိုးမှု နင်ဂရုမစိုက်တော့ဘဲ
ပြန်ဆုံချိန်ကို မျက်ကွယ်ပြုထားလိုက်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………
Comment #3
i like.
i like.
i like.

Comment #4
ma htar ke par bu so hma,,,

Comment #5
superrrrrrrrrrrr likeeeeeeeeeeeee

Comment #6
:'(
:'(
:'(

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ် မကေ..