အိမ်မက်ထဲမှာရွာတဲ့မိုး (မင်းခိုက်စိုးစန် )
ကောင်မလေးရေ…
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…။
ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ တက်လာတယ်…
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…”
အဲသည်.. တစ်စုံတစ်ရာသော “မိုး”လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့ သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။
မင်းခိုက်စိုးစန်
Comment #2
ဒီကဗျာလေးကိုတော်တော်လေး ကြိုက်ပါတယ်…ဒီလိုမျိုးကဗျာလေးတွေ နောင်နှစ်ပေါင်း တစ်ရာတိုင်အောင်ရေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…”
အဲသည်.. တစ်စုံတစ်ရာသော “မိုး”လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့ သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။