သို့ ချစ်သူ ရေ … အခွန်လွတ်ဈေး ကိုလာလည်လှည့်ပါကွယ် …
ချစ်သူရေ …
သမာဓိချိန်ခွင်နား ရောက်တိုင်း
ကိုယ့်နှလုံးသားကို ချိန်ကြည့်ပါလားကွယ်
မင်းဝယ်နေကျ ကြက်သားနဲ့ ဘယ်သူအလေးပိုပြည့်မလဲလို့ …
ကိုယ့်ရင်တွေ ဟက်တတ်ကွဲခဲ့ရင်တောင်
ရေမထိုး
အလေးမခိုးတဲ့ နှလုံးသားမျိုးလေးပါ …
သေချာအောင်
ဝေဒနာရှောင်ရင်း
နောင်ရေးအတွက်
မောင်တွေးပြီး …
အသည်းဘေးမှာ
အခွန်လွတ်ဈေးလေး
ဖွင့်ထားတယ် …
Comment #2
အလေးပြည့်ရုံတင်မဟုတ်ဘူး..သာချင်တောင်သာနေအုံးမှာ…. 😀
{ဒါပေမဲ့…သူခဏခဏချိန်ကြည့်မှသိမှာ} ………. 😛
By: ရွှေငါး at Jan 17, 2011
Comment #3
he,,he,,,
lots of fun.
so nice,
By: ei lay at Jan 10, 2012
Comment #4
So much touching.
So much cute.
By: ei lay at Nov 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခွန်ဈေးမှာလဲဈေးမချိုပါဘူးတော်.::::P