အသဲကွဲ လူလိမ္မာ (မိုးဇက်)
နင်မကြိုက်လို့ မလိုက်ဖြစ်ခဲ့တာပါ ကဗျာ
နင့်ဘာသာ ခံစား ငါသနားလိုက်တာဟာ
ငါဆိုတာ နင့်အတွက်တော့
ရင်ကော့အောင်လည်းခံစားနိုင်တယ်။
နင်လှည့်မကြည့်ပါနဲ့
လုံးဝကို ငဲ့မကြည့်ပါနဲ့
ငါ့အသဲတွေအက်နေတယ်။
လိမ္မာခြင်းလား အနေကွာခြင်းလား
ငါ့ကိုငါတောင်မသိတော့ပါဘူး ကဗျာ
နင်ထားရာ ငါနေခဲ့တယ်
နင်သွားရာ နင့်အပါး
နင့်ဘေးနား ငါ ခစား ချင်မိ
ဒါပေသိ……..
နင်ခံစား တစ်ယောက်တည်းခံစား
ငါခံစား တစ်ယောက်တည်းခံစား
တို့တွေရဲ့လားရာက ဆန့်ကျင်လျက်……
ငါတဆစ်ဆစ် ခံစားနေရတာကနင့်ကြောင့်
နင်တဆစ်ဆစ်..ခံစားနေရတာက သူ့ကြောင့်………..
နင် ယောင်လို့တောင် လှည့်မကြည့်ပါနဲ့
ယောင်လို့တောင် ငဲ့မကြည့်ပါနဲ့
ငါ့အသဲတွေအက်နေတယ်
ငါ့အသဲတွေအက်နေတယ် …. ကဗျာ….
( အသဲကွဲ ညီဆိုးလေး တစ်ယောက်အတွက် အမှတ်တရ )
Comment #2
ကြိုက်တယ်….ကဗျာ
Comment #3
အမှတ်တမဲ့မှ အမှတ်တရဖြစ်စေသွားအောင်လားးးးးးးးးးး
Comment #4
အားပေးသွားပါတယ်………..
Comment #8
နင်ခံစား တစ်ယောက်တည်းခံစား
ငါခံစား တစ်ယောက်တည်းခံစား
တို့တွေရဲ့လားရာက ဆန့်ကျင်လျက်……
ငါတဆစ်ဆစ် ခံစားနေရတာကနင့်ကြောင့်
နင်တဆစ်ဆစ်..ခံစားနေရတာက သူ့ကြောင့်………..
နင် ယောင်လို့တောင် လှည့်မကြည့်ပါနဲ့
ယောင်လို့တောင် ငဲ့မကြည့်ပါနဲ့
ငါ့အသဲတွေအက်နေတယ်
ငါ့အသဲတွေအက်နေတယ် …. ကဗျာ….
………………..
ကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး
Comment #10
oh,,,god
Comment #11
ဒါပေါ့ဗျာ အသဲကွဲတိုင်းလူဆိုးမှမဟုတ်တာ
ကဗျာလေး ကောင်းသဗျ
ံခံစားအားပေးသွားကြောင်း ~~
Comment #1
ကိုကြီးမိုးဇက် ကျော်သွားတယ်နော်… လှဲ့ မကြည့်နဲ့တော့ ဆိုလို့… ကြည့်တော့ဘူး… အမြဲတမ်း အားပေးနေတယ်ဗျာ….