၂၄ ရဲ့ နောက်ဆုံး………. ရလဒ် ( နှောင်းလူ )
အလျား ၊ အနံ မကိုက် ညီတဲ့ စိတ်နဲ့ 
တြိဂံ
စတုရန်း
ပဉ္စဂံ
ဆဉ္စဂံ ငါ ဘယ်နေရာမှာများ ထောင့်ကျိုးခဲ့လည်း
ဒီဂရီ အကွာအဝေးတွေနဲ့  တိုင်းတာထားတဲ့
ခံစားချက် မဟုတ်တော့ ပုစ္ဆာတပုဒ်လို
အဖြေရဖို့  ကွန့် ပတ်(စ်) ကောင်းကောင်းတခုတော့ လိုမယ်
အကြွင်း ၊ ရလဒ် တွေနဲ့  ဒူပေဒဏ်ပေခံရတာလည်း
နေသားကျလို့  ………..
အပြောအဆို မလွတ်တဲ့ သံသရာ စက်ဝိုင်းထဲမှာမှ
မာနထူပြီး ကိုယ်လမ်းကိုယ်ဖောက်လို
ခလုတ်တိုက်ခဲ့တာလည်း အကြိမ်ကြိမ်ပေါ့
လူမှန်း သိတက်စမှ ရိုးသားခြင်းကို
အသုံးချခံလို့  သူသူငါငါ စားသုံးနေတဲ့
မာယာတွေနဲ့  လူရည်လည်ခဲ့တာ
၂၀ စွန်းစွန်း…………….
အနားမညီတဲ့ ထောင့်ချိုးတခုမှာ
၄၅ ဒီဂရီ စွန်းစွန်း အချစ်ဆိုတာကို
တွေ့ ရှိချိန်မှာ မျဉ်းပြိုင်နှစ်ကြောင်း
ဆုံမှတ်ဖူးတယ် မိုးမမြင်လေမမြင်နဲ့ 
သံယောဇဉ်ဆိုတဲ့ ကြိုးကို အခါခါလွန်ဆွဲပြီး
တို့ နှစ်ဦးကြားမှာ ဒသမ နံပတ်တွေ
တိုးဝင်လာတဲ့ အချိန်မှာ ကိန်းဂဏန်းနဲ့ 
တွက်ချက် မရတဲ့ ငါ့ရဲ့ ဒီဂရီ ထောင့်ချိုး
အချစ်ကို နင် မြင်နိုင်မှာပါ………..
အတွက်ခတ်တဲ့ ပုစ္ဆာတပုဒ်ကို အဖြေရှာမရသလို
တွေဝေတုံဆိုင်းမှုတွေက သုညအမှတ်သာသာ
စွန့် လွှတ်မှုနဲ့ ချစ်ဖို့  ခံစားချက်ကို
ဒီဂရီများများတင်ကြည့်တော့
ခံနိုင်ရည်က ခပ်လျော့လျော့ရယ်
၂၄ မှာ ဆုံးဖြတ်ရ ခက်စွာနဲ့ 
ထောင့်ချိုးများစွာမှာ ငါ ဘာလုပ်ရမလဲ..?????
Comment #1
နားကျည်းချက်တွေနဲ့………. မခံမရပ်နိုင်လောက်အောင်…အရာရာကို
စိတ်ကုန်လုလု……….ဖောက်ထွက်ထားတယ်………………။ GD