လှိုင်း (သက်ထွေး)
သောကရဲ့လှိုင်းတို့သည်
စိုးရိမ်ခြင်း ကမ်းပါးရှိရာသို့
ပုတ်ခတ်ကြကုန်၏ ။
ဒဏ်ရာများ
ကမ်းရိုးတန်း တစ်လျှောက်
ဟိန်းသွားခဲ့သည်။
မျှော်လင့်ခြင်းတို့အား
သောကလှိုင်းများ
ပြန်ရုပ်သိမ်းသွားခဲ့
ဒီနေ့ သိသိသာသာ
လှိုင်းပုတ် များခဲ့သည်။
မုန်တိုင်းတို့က
အကဲခတ်
မီးလောင်တုန်း
လေပင့်ကြပေလိမ့်မည်။
ပျော်ရွှင်ခြင်းတွေကိုတော့
ငါသည်
ခရုခွံလေးတို့ထံ
အပ်ခဲ့မည်
ဝင်ကစွပ်ကောင် တစ်ချို့တော့
သထိထားရမည် ။
ဂဏန်းတစ်ချို့
ဘေးတိုက်သွားရင်း
လှောင်ရယ် သွားကြ
ငါလှိုင်းသွားရာလဲ
ဒီအသံတွေပဲ
ပါကြတာကိုး။
ရုပ်မဖျက်နိုင်ငြား
ကမ်းပါးရောက်တိုင်း
ခြေရာတွေတော့ ဖျောက်ခဲ့ပါသည်။
မင်းရဲ့ရယ်သံတို့သည်
ငါလှိုင်းတို့အား ထန်စေ၏
မင်းမျက်ဝန်းတို့သည်
ကမ်းခြေအား
ငါရောက်ဖြစ်ခဲ့ရာ
တစ်ခုတည်းသော ငါ့ရှာဖွေမှုများ
ဖြစ်ကုန်ရာ၏ ။
မင်းခြေရာတို့အား
ငါလှိုင်းတံပိုးပေါ်တွင်
ငါသည် ထမ်းထားရာ၏
လမင်းသည်
တဒင်္ဂကို ဖန်ဆင်းပြီး
နေဝင်ချိန် တို့အား
ဆုတ်ဖြဲပစ် လိုက်သည်။
ငါထင်ထားသော
စိုးမိုးထားခဲ့ရာ
ငါ၏ လှိုင်းတံပိုးများသည်
ငါပိုင်ဆိုင်ရာ ကမ်းရိုးတန်းတွင်
ကန့်သတ်ရာဖြစ်နှင့်သာ တည်ရှိကြပေသည်။
မင်းအိပ်စက်ခန်း
မီးငြိမ်းချိန်ထိ
ငါလှိုင်းပိုး လာရောက်
ပုတ်ခက်နေဦးမည်။
လှိုင်းပုခက်ကြား
ခေါင်းမှီပြီး
အိပ်လှည့်ပါ
အရှင်။
သက်ထွေး
၂ဝဝ၇ နိုဝင်ဘာ ၂၀ ည ၆း၃၈
Comment #1
nice one again! (: