နင့်အတွက် မဟုတ်တဲ့ငါ
သနပ်ခါးမကူ ဆေးမဆိုးတဲ့
နင့်ပါးပြင်ကို
ငါလွမ်းမိပေမယ့်
ဒါဟာ သန်းခေါင်ရဲ့ ကျီစယ်မှုပဲ
အိမ်မရှိတဲ့
ဂျစ်ပစီ တစ်ယောက်ရဲ့
အလိုဆန္ဒက မင်းအတွက်
ညတိတ်တေး မဟုတ်ခဲ့တာ
အမှန်တရားထက်
ပိုပြီးယုံကြည်ခဲ့မိတယ်
မထူးတော့ဘူးလို့
ဒီဘဝမှာ ငါပျော်ဝင်သွားတဲ့နောက်
နင့်ရဲ့တည်ရှိမှုအတွက်
ဉပက္ခာပြု ချင်တယ်
ငါ
နင့်အတွက်
ရှိမနေသင့်ခဲ့ဘူး၊၊
Comment #2
Totally Right .. Nice One . Fighting Friend . 😀
By: Wa Na at Dec 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သနပ်ခါးမကူ ဆေးမဆိုးတဲ့
နင့်ပါးပြင်ကို
ငါလွမ်းမိပေမယ့်
ဒါဟာ သန်းခေါင်ရဲ့ ကျီစယ်မှုပဲ
အိမ်မရှိတဲ့
ဂျစ်ပစီ တစ်ယောက်ရဲ့
အလိုဆန္ဒက မင်းအတွက်
ညတိတ်တေး မဟုတ်ခဲ့တာ
အမှန်တရားထက်
ပိုပြီးယုံကြည်ခဲ့မိတယ်
မထူးတော့ဘူးလို့
ဒီဘဝမှာ ငါပျော်ဝင်သွားတဲ့နောက်
နင့်ရဲ့တည်ရှိမှုအတွက်
ဉပက္ခာပြု ချင်တယ်
ငါ
နင့်အတွက်
ရှိမနေသင့်ခဲ့ဘူး၊၊
ဟုတ်တယ်…..။