ချစ်သူပျော်မယ်ဆိုရင်
တုန်ရင်နေတဲ့ ငါ့လက်ဖျားတွေက
တဖွဲဖွဲကျနေတဲ့ နှင်းစက်တွေနဲ့ 
အပြိုင်အေးစက်လို့ နေတယ်
ဥပေက္ခာဆိုတာ
ပေးသူအတွက် လွယ်ကူပေမယ့်
တစ်ဖက်လူအတွက် ယူရခက်လှပါတယ်
အမုန်းဆိုတာလည်း
အချစ်မဲ့သူအတွက် လွယ်ကူပေမယ့်
ချစ်တတ်တဲ့ သူအတွက်တော့
လက်ခံရခက်ပါတယ်
အလွမ်းဆိုတာလည်း
မေ့တတ်သူအတွက် လွယ်ပေမယ့်
တမ်းတသူအတွက် ဖြေသိမ့်ရခက်ပါတယ်
ဒါပေမယ့် ချစ်သူရယ်
ဥပေက္ခာတွေ အမုန်းတွေ
အလွမ်းတွေပဲဖြစ်ဖြစ်
ချစ်သူသာ ကြည်ဖြူလို့ ပေးမယ်ဆိုရင်
ဇီဝန်ခြွေမဲ့ လက်နက်ပင်ဖြစ်ပါစေ
ညင်သာတဲ့ ပန်းလေးအဖြစ်
ရင်မှာပန်ဆင်သွားပါ့မယ်
ချစ်သူပျော်မယ်ဆိုရင်ပေါ့လေ…………….။
Comment #2
ကောင်းလှချည်လား ဗျာ…….

Comment #4
Tu tu be
Tu tu be

Comment #5
ကဗျာ စ,လယ်,ဆုံးမှာရှိတဲ့စကားလုံးအကုန်လုံး သေလောက်အောင်ကိုဖတ်လို့ကောင်းတယ်ဗျာ ~~
With respect,
RAY

Comment #6
ကောင်းတယ်ဗျာ။ ဆက်ကြိုးစားနော်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချစ်တတ်လှချည်လား သယ်ရင်းရယ်…