ပဋိပက္ခ
ခရမ်းရောင် ရပ်ဝန်းမှာ
ပြိုင်ပွဲ တစ်ခု ကျင်းပတယ်
မင်းရယ် ငါရယ်ပေါ့
ကိုယ့်ဘက် သူ့ဘက်
အပြန်အလှန် တိုက်စစ်ဆင်လဲ
ဒူးမထောက် လက်မမြောက်ဖြစ်ခဲ့ဖူး
တို့နှစ်ယောက်ရဲ့ အချစ်
စစ်အသွင်ကူးပြောင်းလဲ
ငါ စစ်ဘေးဒုက္ခတော့
မခံစားချင်ပါဘူး ချစ်သူရယ် . . .
ဒါပေမယ့် မင်းခင်းတဲ့လမ်းကို
နှလုံးသားနဲ့ လှမ်းလျှောက်
အတ္တက ခုခံမှာမို့ နိဂုံးမှာ
မျက်ရည်လက်နက် မချဖို့
တောင်းပန်ပါတယ် ချစ်သူ….
အတ္တကို သတ်
အောင်ပွဲခံနိုင်ရင်တော့
ဒီကောင့်အသက်စတေးမယ်
မင်းအတွက်ပေါ့ ….
(20-1-2011)
လိပ်ပြာ
Comment #3
ရပါတယ်…..(လူခဏခဏ မှားတာပဲလား????)
By: အသဲကွဲမိုး at Jan 20, 2011
Comment #4
:’P
By: အသဲကွဲမိုး at Jan 20, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါပေမယ့် မင်းခင်းတဲ့လမ်းကို
နှလုံးသားနဲ့ လှမ်းလျှောက်
အတ္တက ခုခံမှာမို့ နိဂုံးမှာ
မျက်ရည်လက်နက် မချဖို့
တောင်းပန်ပါတယ် ချစ်သူ….
အတ္တကို သတ်
အောင်ပွဲခံနိုင်ရင်တော့
ဒီကောင့်အသက်စတေးမယ်
မင်းအတွက်ပေါ့ ….
…………………..
……………………………..
ြိကိုက်တယ်…………အားပေးသွားတယ်