အနောက်တောင် (တာရာမင်းဝေ)
ကြာတော့လည်း
မိုးချုန်းပြရတာ ရှက်လာပြီ
ဆောင်းရေ
ကဝေအလင်းတွေ လွှင့်ထုတ်ပြီး
ငါ့ရင်ထဲက မိုးတိမ်တွေကို
ခုတ်ချပေးပါ
ငါ
နှင်းစက်တွေနဲ့ ခုံးဝန်းချင်တဲ့ကောင်
ကုလားအုပ်ကြီးယောင်ဆောင်ပြီး
ကန္တာရအထိ တွားသွားပြမယ်လေ။
တာရာမင်းဝေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆရာရေ…ကေင်းရာသူဂတိလားပါစေနော်