ကျားကွက်
နယ်ရုပ် တစ်ရုပ်လို အကွက်ချတိုင်း
မရွေ့ပါရစေနဲ့…..
ငါ့လှေငါထိုး ပဲခူးရောက်ရောက်
ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်
စကားပုံလိုပဲ….
ကိုယ့်အတ္တကိုယ်ပိုးလို့
မာနနဲ့ ရှေ့ဆက်ဦးမယ်။
ငါ့ရှေ့က အကွက်
သေကွက် ဖြစ်ရင်တောင်
ကိုယ့်သေတွင်း ကိုယ်တူးလို့
ပြုံးပြုံးကြီးဘဲ သေလိုက်မယ်
နေသားတကျပေါ့။
(21-1-2011)
လိပ်ပြာ
Comment #2
အမ်…..
တိုးပါဘူး…..သေသွားမှာပေါ့….
ဘာလို့ သေရမှာလဲ
🙂
By: moehtetaung18 at Jan 21, 2011
Comment #3
စိတ်ညစ်ညစ်နဲ့ရေးပေမဲ့ဖတ်လို့ကောင်းပါတယ် လိပ်ပြာ ,,, အမြဲအားပေးနေပါတယ် 🙂
By: rabbit at Jan 21, 2011
Comment #6
ကိုယ့်အတ္တကိုယ်ပိုးလို့
မာနနဲ့ ရှေ့ဆက်ဦးမယ်။
ငါ့ရှေ့က အကွက်
သေကွက် ဖြစ်ရင်တောင်
ကိုယ့်သေတွင်း ကိုယ်တူးလို့
ပြုံးပြုံးကြီးဘဲ သေလိုက်မယ်
နေသားတကျပေါ့။
……………
လိပ်ပြာလေး..တော်တယ်..
By: အသဲကွဲမိုး at Jan 22, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုလိပ်ပြာ စာသားတွေက မိုက်တယ်.. အားပေးနေတယ်