the fourth rhyme of my mind.
အရာရာပြီးဆုံးသွားတာလား
လူတွေပြောလေ့ရှိတဲ့ စကားလိုမျိုး
အားလုံးကို ပြည်ဖုံးကားချလိုက်ပါတော့ဆိုသလိုလေ
ငါ့ခံစားချက်တွေအကုန်လုံးကို လွှင့်ပစ်လိုက်ရတော့မှာလား
ဆောင်းညအိပ်မက်ဆိုးတွေကို ထိတ်လန့်နေသလိုပဲ
နင့်အေးစက်စက် အပြုအမူတွေကို
ငါကြောက်တယ်
ဘ၀ဆိုတာ ဇာတ်ခုံတစ်ခုဖြစ်ပြီး
ငါတို့အားလုံးက ပါဝင်ကပြနေကြတာတဲ့
ရှိတ်စပီးယား ပြောခဲ့တယ်
ဒါဆိုလည်း ငါတို့နှစ်ဦးရဲ့
ဇာတ်လမ်းကို အလွမ်းတွေနဲ့အဆုံးသတ်မသွားအောင်
ဇာတ်သိမ်းလှတဲ့ ဇာတ်ညွှန်းတစ်ခုကို
ငါဘာလို့မရေးခဲ့နိုင်ပါလိမ့်နော်
ရီဝေနေတဲ့ မြူခိုးတွေလိုပဲ
ငါတို့နှစ်ယောက်အနာဂတ်ကေ၀၀ါးနေတရ်
အချိန်တွေကို ပြန်လှည့်ခွင့်မရှိတော့ဘူးနော်
X-axis နဲ့ Y-axis လိုမျိုး အတိတ်နဲ့ပစ္စုပန်က
ထောင့်မတ်ကျခဲ့ရင် တောင် ငါတို့တွေက
90 degree ပဲဝေးမှာနော်
အခုတော့ နင်ကဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိ
အဲဒါထက်
နင့်စိတ်ကိုမှငါပြန်မရနိုင်တော့ပဲဟာ
ငါ့အမှားတွေကိုလည်း ငါဝန်ခံချင်ပါတရ်
နင်ကျေနပ်လောက်တဲ့အထိပေါ့
အခုမှတော့
ငါ့ကို ရူးတယ်လို့ပဲ ဆိုချင်ဆိုတော့
သေသည်အထိ နင့်ရယ်သံလေး
ကြားယောင်ရင်းနဲ့ နင့်ပုံရိပ်တွေ
ငါ့နှလုံးအိမ်ထဲမှာ ရေးမှတ်ထားမရ်………….
Comment #2
ဒါတော့လူတိုင်းပဲမဟုတ်ပါလားနော် 😛
Comment #3
so nice
Comment #1
ချစ်တက်လိုက်တာနော်…