တေလေကလေး (တာရာမင်းဝေ)
မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။
လူမိုက်လိုလို
စောင်းနေတဲ့ ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ဝင်တိုက်ပြန်ရဲ့
ထင်းရူးပင်ကြီးက
ရှည်လျားချွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။
ကျွန်တော်
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
တိုက်တာတွေ ဖောင်းကားပျော့အိ
ဓါတ်ပေါင်းဖိုတွေလည်း
မီးခိုးငွေ့တွေပိပြီး ကွေးညွှတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိမ်းသံ တရှဲရှဲ ကြားရတယ်။
တကယ့်ကို ကြောက်စရာပါအမေ
အဲဒီညက
အိပ်မက် နည်းနည်း ရှည်သွားတယ်။
တာရာမင်းဝေ
Comment #2
ကျွန်တော်
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။

Comment #3
ဘာလို. ကြိုသိနေရတာလဲဗျာ ကျွန်တော်လို ကောင်တောင် အချစ်ကဗျာလေးတွေ ရေးနေတက်ပြီ ဆရာကြီးကောင်း ရာ မွန် ရာ ရောက်ပါစေ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
ခလုတ်တွေလည်း ခဏခဏတိုက် လှဲ ပေါ့ရှင်…