ဖြစ်ချင်တယ်
မေမေ့အတွက်လေ
ပင်လယ်ကြီးလောက်မကြီးကျယ်ပေးနိုင်ရင်တောင်
ရေတွင်းလေးလောက်တော့
စိမ့်မြပေးချင်တယ်။
မေ့မေ့အတွက်လေ
တောင်တန်းကြီးတွေလောက်
မကွာကွယ်ပေးနိုင်ရင်တောင်
တံတိုင်းလေးလိုတော့လုံခြုံမှုတွေပေးချင်တယ်။
မေမေ့အတွက်လေ
သစ်တောတခုလောက်မစိမ်းစိုပေးနိုင်ရင်တောင်
သစ်ရိပ်တခုလောက်တော့ချမ်းမြပေးချင်တယ်။
မေမေ့အတွက်လေ
တောက်လောင်မယ့်မီးမဟုတ်ဘဲ
အေးမြစိမ်းလန်းစေတဲ့
ထီးကလေးတချောင်းတော့ဖြစ်ချင်မိတယ်။ ။
Comment #2
nice
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချစ်တဲ့မေမေကြားနိုင်ပါစေနော်……….