အတူတူ ရှင်သန်နေမယ့် အပြုံး !
ယုံကြည်မှူတွေ ပျောက်ဆုံးနေလို့လား?
ဒါတွေက ခဏတာလေးပါ
နင် ယုံကြည်လိုက်ပေါ့ … နင်ကိုယ်တိုင်အတွက်ကို။
ကြေကွဲနေလား?
အတိတ်ကို ခဏအလည်သွားလိုက်
အဲ့ဒီမှာ နင်တို့ရဲ့ ကြေကွဲစရာတွေချည်း မဟုတ်ဘူးလေဟာ
ပျော်ရွှင်ကြည်နူးတာတွေကို နင် လစ်လျူရှူ့ထားမိလို့ပါ။
နင် နာကျင်နေလား
ဒါ အကောင်းဆုံးပဲ သူငယ်ချင်း
နင့် ရဲ့ ခံစားချက်လေးကို သိမ်းထားလိုက်
နင်ဟာ လူတွေကို စစ်မှန်တဲ့ ကိုယ်ချင်းစာတရား(နားလည်မှူ)ကို
ပေးနိုင်မယ့် သူဖြစ်နေလို့ပဲ။
ပြုံးလိုက် သူငယ်ချင်း
ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
အပြုံး ၁ ပွင့်က အားပဲ……
နင် အရာအားလုံးကို ကျော်ဖြတ်သွားနိုင်လိမ့်မယ်။
အပြုံးမှာ
ဘယ်သူမှ မသိနိုင်လောက်တဲ့ အားလုံးကိုကျော်ဖြတ်နိုင်တဲ့ စွမ်းအင်ရှိလို့ပဲ သူငယ်ချင်း။
(၂၄-၁-၂ဝ၁၁)
Comment #2
ကြေကွဲနေလား?
အတိတ်ကို ခဏအလည်သွားလိုက်
အဲ့ဒီမှာ နင်တို့ရဲ့ ကြေကွဲစရာတွေချည်း မဟုတ်ဘူးလေဟာ
ပျော်ရွှင်ကြည်နူးတာတွေကို နင် လစ်လျူရှူ့ထားမိလို့ပါ။
မပန်းအိအားပေးသွားပါတယ်။
Comment #4
Thz so much.
make me push with lots of encouragements.
Comment #1
အရမ်းကောင်းတာပဲ ပန်းအိ ရေ
အဲလို အားပေးတဲ့ သူငယ်ချင်းမျိုး လို ချင်လိုက်တာ
ပန်းအိရဲ့ ကဗျာလေးတွေ အားပေးနေပါတယ်….။ ။