မှန်လိုနေဖို့ငါမကြိုးစားခဲ့မိဘူး…..
ချောက်ကမ်းထဲတွန်းချချင်လို့လား
မလိုပါဘူးကိုယ့်ဘာသာခုန့်ချပေးပါ့မယ်
မင်းတို့လက်တွေနဲ့ထိတွေ့မှု
ဒီထက်ပိုမခံစားချင်တော့လို့ပါ
ခံစားတက်တဲ့နှလုံးသားရှိတာ
ကိုယ်ချင်းမစာတက်တဲ့သူတွေတွက်တော့
အလွန်ကိုခံညားတဲ့ညမှာ
စားသောက်လို့ကောင်းတဲ့ဟင်းလျာလိုပါပဲ….
မုသားတွေကိုဆင်မြန်းပြီး
ပျော်ပါးနေလိုက်ကြတာ
ကမ္ဘာပျက်မတက်ပါပဲလားကွယ်…..
သစ္စာတရားဆိုတာကတော့
မစားချင်တော့လို့ဖယ်ထားတဲ့
ဟင်းတစ်ခွက်လိုဖြစ်ခဲ့ရပြီ…..
မေတ္တာတရားဆိုတာကတော့
ဟဟ ….မင်းတို့နဲ့ဝေးရာကို
ထွက်ဖို့..အထုတ်ပိုးတွေပြင်ဆင်နေပြီ
မှန်လိုနေ..မှန်လိုကျင့်ဖို့
ငါမကြိုးစားချင်ဘူး……………
မင်းတို့ယုတ်မာတိုင်းငါမှမယုတ်မာတက်ပဲကိုကွယ်…………….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးခါးရေမသောက်ချင်ဘူးဆိုပါတော့ 🙂 အဲ့ဒါဆိုရင် ခံဖက်ကကြီးပဲနေမှနော်