ကြတ်နေသောလ
ကြွေနေတဲ့ ရွက်ကြွေ
တိုက်ခတ်နေတဲ့ လေညှင်းတွေ ကြားမှာ
သူ နဲ့ ကျွန်တော်
ပျော်ခဲ့တဲ့ အတိတ်
မျှော် ခဲ့ရတဲ့ လရိပ်လေးဟာ
ကြတ်သွားခဲ့ပြီလေ
အချစ်ဆိုတာ ဟာ
ဘာလဲဆိုတာ
ကျွန်တော် မသိသလို
သူမလည်း သိမှာမဟုတ်ဘူး
ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး
ဘယ်တော့မှ လည်း သိမှာ မဟုတ်ဘူး
တကယ်တမ်း က
မမြင် ရတဲ့ အရာတစ်ခုရဲ့
ပညတ် တစ်ခု
နာမည်တစ်ခုပါ
ဘာရယ်ကြောင့်ပဲဆိုဆို
သူများတွေ ပြောနေသလို
မပြောချင်ပေမယ့်
သုံးစရာဆိုလို့
ဒီစကားလုံးပဲ ရှိတာကိုး
သေချာတယ်
ကျွန်တော် သူမကို ချုစ်မိသွားတယ်
သူမက လည်း ကျွန်တော်ကို
ပြန်ချစ်တယ်
ဒါဆိုရင် ဇာတ်လမ်း ကပြီးပြီပေါ့
မဟုတ်ဘူးလေ………
ဒါက ဘာမှ မဟုတ်ဘူး
ဇာတ်လမ်း လည်း မဟုတ်ဘူး
မှတ်တမ်းလည်း မဟုတ်ဘူး
ဘာဆို ဘာမှ ကို မဟုတ်ဘူး
သူမ နဲ့ ကျွန်တော်
အခုတော့ မချစ်ကြတော့ဘူးဗျာ
ဘာကြောင့်ရယ်ဆိုတာကို
ကျွန်တော် ရောသူ ပါမသိခဲ့ဘူး
ဘာလဲ ဘယ်သူလဲ ဘာကြောင့်လည်း
ဘာဖြစ်လို့လဲ
ဘာမှ ကို မပြောနိုင်တာ
သူ မကို တွေ့နေရတယ်
မြင်နေရတယ်
သူမဘက်ကလည်း
ဒီလိုဘဲ
ဒါဆို အချစ်ဆိုတာ………………
ကျွန်တော်က……….
သူမက…………..
ဘာပဲဖြစ်ဖြစ်ပေါ့
သူမနဲ့ ကျွန်တော်
လက်ချင်းယှက်ပြီးလျှောက်ခဲ့တယ့်
လမ်း လေးမှာတော့
သစ်ရွက်ကလေး တွေ
အချိန်တန်ရင်ကြွေလို့
လေလေးတွေ လည်း တိုက်လို့
လကတော့ သူအချိန်တန်ရင်
သူဘာသာကြတ်အုံးမှာပဲ
သူမလည်း အချိန်တန်ရင်
နောက်တစ်ယောက်ရအုံးမှာပဲ
ကျွန်တော် လည်း……..
ဘာတွေ ကလည်း
အချိန်တန်ရင်
ဘာတွေ ဖြစ်မှာလဲ
မသိဘူးနော်…………………….။