သိုးမည်း – တစ်ယောက်တည်း ကမ္ဘာ
စက္ကန့် နဲ့ အမျှ
သတိရခြင်းတွေကို ရှူရှိုက်ခဲ့ရတာ . .
ငါ့နှလုံးသားရေးရာကိစ္စ
တော်တော်များများမှာ
မင်းက ပါဝင်ပက်သက်နေတယ်လေ . .
မင်းထားရစ်ခဲ့တဲ့ အလွမ်းတွေက
များလွန်းတော့ . . .
ငါ့မျက်ဝန်းတွေက
မြစ်ကျိုးအင်းတစ်ခုလိုဖြစ်သွားခဲ့ . .
ဘယ်မှာလဲချစ်သူ . . .
မင်းကိုတမ်းတမိတိုင်းသာ
ကြယ်တွေကြွေခဲ့မယ်ဆိုရင်
အခုချိန်ဆို
လမင်းကြီးအထီးကျန်နေလောက်ပြီ . . .။ ။
သိုးမည်း(UCSM)
Comment #3
mike de kwarrrrrrrrrrrrrrr
By: ei lay at Feb 2, 2012
Comment #4
super like,
🙂
ei ka dot htar ke khan ya loh hote par bu,,
ei ko ga u ma sike loh sate ma kaung phyit nay tar.
ei ko pyit htar loh ngo tar,
By: ei lay at Nov 3, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းကိုတမ်းတမိတိုင်းသာ
ကြယ်တွေကြွေခဲ့မယ်ဆိုရင်
အခုချိန်ဆို
လမင်းကြီးအထီးကျန်နေလောက်ပြီ . . .။ ။
သိုးမည်းလေးရေ..ကောင်းပါတယ်..အားပေးနေတယ်