ကော်ဖီစေ့စား “နွားများ..”။
ကော်ဖီစေ့စား “နွားများ..”။
ငါတို့တွေ …..
“မသိမှု့“ နယ်ပယ်ကနေ “သိမှု့“ နယ်ပယ်ကို
သက်ဆင်းလာတဲ့ “ကျောက်ခေတ်“ကစလို့
ငါတို့ တတွေရဲ့ အသိမှာ…….
“အသိညဏ“်……“အတွေးအခေါ်“…..“လောဘ၊ဒေါသ၊မောဟ“……
“ကိုယ်ကျင့်တရား“……“သတ်မှတ်လူ့ အဆင့်အတန်“း…..
“တဏှာ“နဲ့ ရောပြွန်ပြီး ပါလာတဲ့ “ကိလေသာ“နဲ့
““အစရှိသဖြင့်““………တွေနဲ့ အတူ
ငါတို့ ယခုလူဖြစ်လာကြတယ်လေ….
အဲ့ဒီတော့ ဒွန်တွဲပြီး အတူကပြနေတဲ့
ငါတို့ ““ဇတ်ခုံ““ပေါ်မှာ ငါတို့တွေ အချင်းချင်း……
ငိုသံတွေလဲ “ဆုံ “ဘူးတယ်…..
ရီသံတွေလဲ “ကြုံ “ဘူးတယ်….
ရင်တစ်ခုလုံး“တုန် “ဖူးတယ်…..
မလိုတာတွေလဲ “ကုန် “ဘူးတယ်….
ယုံကြည်ရာတွေလဲ“ ပျက်“ဘူးတယ်….
တစ်ခါတစ်ခါတော့လဲ အရှုံးတွေနဲ့ ပြုံး
နှစ်သိမ့်မှု့တွေနဲ့လည်း ချောင်ထဲမှာ ပုန်းခဲ့ ဖူးတယ်လေ….
အလိုမပြည့် နိုင်တော့တဲ့““ရမ္မက်““တွေကို လမ်းမှာမြင်တိုင်း
ကျောမှာ အခါခါ ထုပ်ပိုးလို့
ညွှတ်နေတဲ့ ခါးတွေကို
““ဘ၀ဝေဖန်ရေး““ ဆရာတွေရှေ့မှာ ချပြခဲ့ ဖူးကြတာဘဲ…
မကြာမကြာ ““ဘုရား““ ကိုတောင်ပြသာနာ ရှာခဲ့ကြသေးတယ် မဟုတ်လား…..
ဒီလိုပါဘဲ…
ဒီလိုနဲ့ဘဲ…
မထူးဆန်းတဲ့ ““သတ္တလောက““… မှာ
“မဆီမဆိုင် “ ဖြေရှင်းမှု့တွေ…. ရူးသွပ်မှု့တွေနဲ့….
ကိုယ်ပိုင်သလို မပိုင်တဲ့
မူပိုင်ဘ၀တွေက စက္ကန့်သံတွေကို
ဖြစ်ချင်ရာဖြစ်ပြီး ပျက်ချင်ရင် ပျက်တဲ့ “ကျွန်းမျောကြီး“ထဲ
“စိတ္တဇ“ ဆန်တဲ့ စိတ်ဓါတ်တွေနဲ့ အတူ
““မြေဆွေး““ အဖြစ် ထည့်ကြတာပါဘဲ…..
““““““အဘယ့်ကြောင့်ဆိုသော်လို့“““““““““….
မခိုင်မာတဲ့ အကြောင်းပြချက်တွေကို အတည် ပြုပြု
ငါတို့ “မှန်“ ရှေ့ ကိုမရည်ရွယ်ဘဲ
မျက်နှာသွားပြမိတဲ့ အချိန်မှာ….
ငါတို့ “““လိမ်လည်မှု့“““တွေဟာ
ဖုံးမရ ဖိမရနဲ့“““ ပြူတစ်ပြူတစ်“““ လုပ်လွန်းလို့
ငါတို့ ကိုယ်တိုင်ဘဲ “ဆွဲချက်“……တွေတင်
ငါတို့ ကိုယ်တိုင်ဘဲ “““အရှက်မဲ့တဲ့ ““““မျက်နှာမိတ္တူပွား“““တွေနဲ့
ငါတို့ ကိုယ်တိုင်ဘဲ ““““မညှာမတာ ရှုတ်ချကြ“““တာဘဲ…..မှတ်လား…..
အဲတော့ …. သိပ်ပြီးလဲ “““ဖြေရှင်းချက်တွေ“““ မပေးကြပါနဲ့တော့…
ပြီးတာတွေ ပြီးပါစေ……..။ ။
[email protected]
(18.1.11)
Comment #1
😀 တည့်တည့်ကြီးကိုပြောနေသလိုပါပဲလားဗျာ
တရားတော့ ရချင်စရာကောင်းပါတယ်
ဒါပေမယ့်လေ လူဆိုတော့လဲ ဟဲဟဲ သိတဲ့အတိုင်းပဲ