စင်းလုံးချောတေးသံများဖန်တီးခြင်း
မေရေ………
ငါတို့ အညွန့် တလူလူတက်ခွင့် ရှိရဲ့ လား
အဖြူအမဲခေတ်ထဲကလို
တစ်ယောက်နဲ့ တစ်ယောက်
ရာစုဟောင်းတွေဆီတွဲလျှောက်နေရတာကို
မုန်းလိုက်ရအောင်နော်။
တစ်ကယ့် တော့ 
ငါ့ စီရင်မှု့ တွေတိုင်း
သူ့ သဘောတွေသူဆောင်
သူ့ ဘောင်ကိုမရှောင်နိုင်ခဲ့ ဘူးကွယ်
ငါမွေးလိုက်တည်းက
သူ့ အကျင့် ဆိုးကိုရင်းနှီးနေပေမဲ့ 
သူ့ နဲ့ ငါကသူစိမ်းတစ်ယောက်ရဲ့ ဆက်ဆံမှု့ မျိုးလို
သိပ်ဆိုးဝါး
(အဲ့ ဒီကံတရာပေါ့ )
ငါတို့ အညွန့် တလူလူတက်လိုက်ရအောင်နော်။။။
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service