…………………………(2)
နင့်ကိုငါ
ဘယ်တုန်ူးကမှ…
အပြစ်မပြောခဲ့ပါဘူး….ချစ်သူရယ်
အလွမ်းတွေ…မှိုင်းတိုက်လို့
စကားလုံးတွေကြမ်းခဲ့မိရင်
ငါကိုယ့်ကိုယ်ကို….သဂြိုလ်ပေးပါ့မယ်
နင်ကျေအေးပါ။
နင့်ကိုငါ
ဘယ်လောက်တွယ်တာတယ်
ဘယ်လောက်သံယောဇဉ်ကြီးတယ်ဆိုတာ
နင် ..ငါ့ထက်တောင်..ပိုသိသင့်ပါတယ်..။
ငါ့ကို..ပေါက်ကရ…တွေ
အကြောင်းပြပြီး
နင် ချန်ချန်ပြေးခဲ့တာ..
ခုဆို..ခရီးလည်းတော်တော်ပေါက်ရောပေါ့
ငါတော့
လှည့်မပြန်..လှည့်မထွက်နိုင်ပဲ
ဒီနေရာမှာပဲ….
နင့်ခြေလှမ်း..ပြောင်းပြန်လှမ်းဖို့
ဆုတောင်းနေတုန်းပဲ။
ဘာလို့များ…..နင်က တခုခုဆို
ငါ့ကိုထားခဲ့ဖို့ပဲတွေးမိရတာလည်း..???
ငါ့ကိုချန်မှ…နင်ခရီးရောက်မှာလား??
ငါ့ကို ကန်မှ…နင်အမှန်ဖြစ်မှာလား??? ………
ငါကျန်မှ နင်မှန်မယ်ဆိုတော့လည်း
ငါကျန်ခဲ့ပေးမှာပေါ့…..
ဒါပေမယ့်..
လှည့်ထွက်ကျောခိုင်းဖို့တော့
နင်..မစေခိုင်းလိုက်ပါနဲ့…
နင်ရှိခဲ့ဖူးတဲ့ အတိတ်က
ငါဘ၀ရဲ့အပျော်ဆုံးအချိန်တွေမို့ပါ။
Comment #5
…………………….(2)
ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ
အားပေးသွားပါတယ်….
Comment #10
ဖျားတာများနေပြီနော်…x ….ဆေးသောက်ဦး 😛
ကျေးဇူးနော်…အားပေးလို့
Comment #12
:”(….ကျေးဇူးကိုမိုးစက်
Comment #13
ဘာသဘောလည်း…မသိဘူးနော် ကိုဇာတိ
Comment #14
ဘာလို့များ…..နင်က တခုခုဆို
ငါ့ကိုထားခဲ့ဖို့ပဲတွေးမိရတာလည်း..???
ငါ့ကိုချန်မှ…နင်ခရီးရောက်မှာလား??
ငါ့ကို ကန်မှ…နင်အမှန်ဖြစ်မှာလား??? ………
ငါကျန်မှ နင်မှန်မယ်ဆိုတော့လည်း
ငါကျန်ခဲ့ပေးမှာပေါ့…..
အရမ်းကောင်းတာပဲ မိုးရယ်…..အဲဒီ့မေးခွန်းလေးတွေက….။
Comment #17
မိုက်စ်
Comment #1
အိမ်း အောင်မြေလာနင်းလို့ရမလား မိုးရေ…. ဟီးး
အားပေးသွားတယ်ဗျာ