ဓံခံဒြပ်……………………………………………..မင်းလူန
ဆန္ဒတို့ ခွေခေါက်စီးမျော
ဒီတောထဲမောတယ်မေမေ
သူနိုင်ကိုယ်နိုင်ကြဲ
ပြီးတော့ လဲပြီးတာပဲလို့ 
သဘောထားမိနိုင်ရင်တော့ အကောင်းသာ
မွေးမွေးချင်းငိုလာရတာကိုက
ဝမ်းနည်းခြင်းနဲ့ မစိမ်းတဲ့ နမိတ်တစ်ခုပဲလား
ခုတော့ အထုအထောင်းချိုချိုလေးတွေကြောင့် 
အသိဥာဏ်တွေ
အသမာတက်နေပါပြီလေ………
……………………………………. မင်းလူန
Comment #2
ကဗျာ စ , လယ် , ဆုံး က စာသားတွေအကုန် တကယ်ကြီး လှတယ်ဗျ
အရေးအသားကို တကယ်လေးစားမိပါတယ် ။
By: X - ray at Jan 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မွေးမွေးချင်းငိုလာရတာကိုက
ဝမ်းနည်းခြင်းနဲ့ မစိမ်းတဲ့ နမိတ်တစ်ခုပဲလား
ခုတော့ အထုအထောင်းချိုချိုလေးတွေကြောင့် 
အသိဥာဏ်တွေ
အသမာတက်နေပါပြီလေ………
…………………………………….
ကောင်းတယ်…ကိုမင်းလူန ရေ
အားပေးသွားတယ်