ခေါင်းစဉ် မတပ်ချင်တဲ့ ကဗျာ
ခေါင်းစဉ် မတပ်ချင်တဲ့ ကဗျာ
အသက်ရှုမဝတဲ့ နေ့တွေထဲက
ကိုယ့်ကိုကိုယ် တော်တော် စစ်ယူခဲ့ရတယ်
Ph 7 မဖြစ်ခဲ့ဘူး
RO နည်းပညာလည်း မသုံးခဲ့မိဘူး
အရောအနှောတွေ မပါပေမဲ့
အရောင်တွေက စုံလွန်းလှတယ်
ဘယ်လိုမှ ဖြူမလာနိုင်တော့ဘူးလား
သံသယတွေလည်း မည်းညစ်ပေတေ
ငါ ခေါင်းမလျှော်ဖြစ်တာကြာပြီ
ငါ မတည်ငြိမ်နိုင်တာ ကြာပြီ
တရားမမှတ်ဖြစ်ဘဲ စကားတွေ မှတ်တတ်ခဲ့တာ
…….. ……. ကြာပြီ …. တော်တော် ကြာခဲ့ပြီ။
ချီရွန် ( ပုလဲ )
Comment #3
အားပေးသွားတယ်
By: အသဲကွဲမိုး at Jan 29, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မက်တဲ့အိမ်မက် ဆောင်းတဲ့ထီး မသွားတဲ့လမ်း
အခမ်းအနားမရှိ အသွေးအသားထိ နာကျင်
အခါသင့်ရင် လွမ်းတတ်လွန်းလို. ခဏလောက်ထွက်စို.ခေါ်ချင်ပေမယ့်လည်း
ဟန်မဆောင်တတ်တဲ့ အနာဂတ်အတွက် အစာရှာထွက်ခဲ့တယ်………..