သိုးမည်း – နှစ်နှစ်ကာကာ
အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိတဲ့
တမ်းတခြင်းမျိုးနဲ့
ငါ နင့်ကိုလွမ်းတယ် . . .
ဒါပေမယ့်
ငါတို့က ဝေးနေကြတာမှမဟုတ်ဘဲ
ဘယ်တုန်းကမှ မနီးခဲ့တာ . . .
နင့်ကိုမြင်တိုင်း ငါ့ရင်တွေအုံ့ဆိုင်းသွားတတ်တာ
တဖတ်သတ် ဆိုတဲ့
အသိကြောင့်ပဲထင်တယ် . . .
ဒါတွေကို ဖွင့်မပြောဖြစ်ခဲ့တာလည်း
ရင်ထဲက ခံစားချက်တွေက
ဘယ်လို စကားလုံးနဲ့မှ လုံလောက်မှာ မဟုတ်ဘူး . .
“အရမ်းအရမ်းကို မြတ်နိုးလွန်းလို့ပါ”
ဒါကြောင့်လည်း
ဖြူစင်စွာနဲ့အလှကြည့်နေခဲ့တာပေါ့ . . . ။ ။
* ကောင်မလေးသို့
သိုးမည်း (UCSM)
Comment #2
poor u,,,
By: ei lay at Feb 2, 2012
Comment #3
🙂
By: ei lay at Nov 3, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါတို့က ဝေးနေကြတာမှမဟုတ်ဘဲ
ဘယ်တုန်းကမှ မနီးခဲ့တာ . . .
..ကြိုက်တယ်…ဒီစာသားလေးကို