အညှာကြွေသော………………..မင်းလူန
လွမ်းရဲလို့ လမ်းခွဲခဲ့ တာပေါ့် 
ဒီမှာဒဏ်ရာဒဏ်ချက်တွေကို
ဘယ်တုန်းကမှအဖါအထေးလုပ်ဖို့ စိတ်ကူးမရှိတဲ့ သူနော်
ကောင်းကင်ပြာကိုအချစ်ရဲ့ သင်္ကေတလို့ ငါ့ ကိုလာမပြောပါနဲ့ 
ပတ်သက်မှု့ တိုင်းကိုပဌာန်းဆက်တစ်ခုကြောင့် လို
ဖြေတယ်……………….
တရားရဲ့ လားကွယ်
အမှတ်သင်္ချေမရှိသူကမျက်ရည်ခံထိုးပြကြေးတဲ့ 
အဲ့ လိုခံစားချက်တွေ
နှလုံးသားဇယားကွက်ထဲကရွှေ့ ပေးပါ
တစ်ကယ်တော့ တောင်းဆိုမှု့ ကို
ထွက်ပေါက်တစ်ခုအဖြစ်အသုံးချသူ
ဒီလူသာရူးတာပါ
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွမ်းရဲလို့ လမ်းခွဲခဲ့ တာပေါ့် 
ဒီမှာဒဏ်ရာဒဏ်ချက်တွေကို
ဘယ်တုန်းကမှအဖါအထေးလုပ်ဖို့ စိတ်ကူးမရှိတဲ့ သူနော်