ယေဘုယျဝိညာဉ် (တာရာမင်းဝေ)
င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။
ငါက … သာမညလူ .. ။
ငါက … ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ … ။
ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။
(ဒီဇင်ဘာ + ဇန်န၀ါရီ ၁၉၉၇+၉၈)
တာရာမင်းဝေ
Comment #3
I seriously know why taryarminwai be with female photo ??
if can be , i think you shouldnt do that …
he is well-known Author… i also crazy in poems and essays
Comment #5
This is one of my favorite poems of Sayar Taryar Minwai.
Thanks Number1Princess for posted this poem.
Comment #6
နှစ်သက်တယ်ဆိုတာထက်ကိုပိုလွန်းတယ်ဗျာ..ဆရာ..တော်တယ်..
Comment #7
အစဉ်အမြဲလေးစားလျက်ပါ..ဆရာ…
ကျွန်တော်လည်းဆပ်ပြာပူဖောင်းလိုလူပါ……
ကျွန်တော်ကို အစားထိုးပြီးဆရာပြန်လာခဲ့ပါလား…..။ 🙁
Comment #8
တကယ်အားကျလေးစားတဲ့ ကဗျာဆရာ…
စာသားတွေဖတ်လိုက်ရတိုင်း…
ရင်ထဲတစ်ခုခုရောက်ရောက်သွားတတ်တယ်…
တကယ်ကိုကျေးဇူးတင်ပါတယ်…
ဖတ်ခွင့်ရတဲ့အတွက်…ခံစားခွင့်ရတဲ့အတွက်….
Comment #9
ဂျူနို နဲ့ဆရာ ရွာသွားတာ….ကျွန်တော်တို့ လူငယ်မြို့ရိုးမှာ ဘယ်တော့မှစဲမှာမဟုတ်တော့ပါဘူး ဆရာ
Comment #1
နှာခေါင်းပေါ် တက်ပြီးအသက်ရှူချင်ပေမဲ့ နှာခေါင်းကချွန်နေလို့ တက်လိုမရဘူး