ပိုင်ရှင်မဲ့ လမ်းခွဲ
တွေ့ချင်တယ် အရောက်လာခဲ့ …
‘ မင်း ငါ့နာမည်ခေါ်ပြီး နောက်ဆုံး ပြောသွားတဲ့စကား … ။
အခါမနှောင်းအောင် အသော့နှင်ခဲ့လဲ ..
ငါတွေ့လိုက်ရတာ မင်းအိမ်ရှေ့က အိုးခြမ်းကွဲလေးတွေ …
မင်းအိမ်ကလေး ယိုင်တိယိုင်တိုင်နဲ့ ငါတက်လိုက်တော့
တံခါးဝမှာ ချိတ်ထားတာ မင်းလွယ်အိတ်ကလေး ….
လွယ်အိတ်ကလေးလဲ ပိုင်ရှင်မဲ့ခဲ့ …
သူ့ကို ကျောထက်ပိုးပြီး လမ်းမပေါ် လျှောက်သွာခဲ့တဲ့
သူ့သခင်တစ်ယောက် လောကထဲမရှိတော့ဘူးဆိုတာ လွယ်အိတ်ကလေး သိပါလေစ …
မင်းမရှိတော့မယ့် မင်းအခန်းလေးထဲ ငါ ၀င်ခဲ့သေးတယ် …
အရင်လိုပဲ မင်းကုတင်လေးဘေး ထိုင်လို့ပေါ့ …
ငါ မြင်ယောင်ကြည့်တယ် … မင်းမျက်နှာပြုံးပြုံးလေး …
ငါတွေးကြည့်တယ် … မင်းအကြောင်းတွေ …
ငါယုံပါတယ် … မင်း လူတော်တစ်ယောက် …
ငါယုံပါတယ် … မင်း လူကောင်းတစ်ယောက် …
ငါယုံပါတယ် … မင်းက သိပ်ချစ်တတ်သူတစ်ယောက် …
ငါယုံပါတယ် …
ငါယုံပါတယ် .. မင်းနဲ့ပတ်သတ်သမျှ အကုန် ငါယုံတယ် …
ဒါပေမယ့်လေ … ငါမယုံတာ … မင်း … ငါ့နား ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာပေါ့ …
(ကိုဖိုးသခွားသီးသို့အမှတ်တရ လွမ်းခြင်းပါ…..)
Comment #2
ဟုတ် အစ်ကို
ညီ သိပ်နေမကောင်းလို့ပါဗျ
ကျေးဇူး
Comment #3
nice
Comment #1
သားသား……
ကဗျာအရေးကျဲသွားတယ်
ဘာလို့ တုန်း