ကျွန်တော်နဲ့  ပျောက်ဆုံးနေသော……………..(မိုးထက်အောင်)
ကျွန်တော့်အတွေးတစ်ချို့  မနေ့ ကကျပျောက်သွားခဲ့တယ်
ဝိုင်းဝန်းရှာဖွေပေးကြပါ
အာရုံကတိမ်တိုက်တွေကြားမှာခုန်ပေါက်ပြေးလွှား
မြက်ရိုင်းတစ်ချို့ ကို မြင်းရိုင်းတစ်ချို့ စားသုံး
ခင်ဗျားက မြင်းလား မြက်လား
မကြည့်ပဲလဲ မြင်တွေ့ ကြမှာပါ
သူငယ်တန်းရဲ့နောက်ဆုံးခုံမှာ ကျွန်တော်ကဗျာရေးနေတယ်ဆိုတာ
အမြင်မတော်ရင် ဝေဖန်ပေးသွားကြပါ
ခရီးသွား ဟန်လွဲ ရင်ဘတ်တွေက ကဗျာထဲမှာပဲပျော်ဝင်တယ်
ဆွဲထုတ်လို့ မရ ဆွဲနှုတ်လို့ မရ
ကျွန်တော်မလိမ္မာခဲ့ပါဘူးဆရာမ
(မနေ့ ညနဲ့ ဒီနေ့ ည …..)
အခေါ်အဝေါ်လေးပဲတူတော့တယ်
ကျွန်တော်ဆိုတာ ပညတ်ချက်တစ်ခုဆို
ဘာတွေက ပရမတ်လဲ
အများကြီးလိုချင်လို့  တစ်ခုမှမရခဲ့တဲ့သူ
သံသရာအပူမှာကျင်လည်နေတုန်း
သူတို့ တွေနျူကလီးယားထွင်နေတုန်း
ငါတို့ ကသစ္စာလေးပါးနဲ့ ကိုယ့်လွတ်လမ်းကိုယ်ရှာ
ဒီကမ္ဘာမှာတော်တော်ပျော်စရာကောင်းတယ်
ပြုသူနဲ့  အပြုခံရသူ
အားလုံးက အတူတူပါပဲ
အကြောင်းပြချက်မပါတဲ့ဆွေးနွေးပွဲက
ရေရှည်တည်မြဲဖို့ တော့မဖြစ်နိုင်ဘူးလေ
ဒီပုတ်ထဲကဒီပဲဆိုပေမယ့်
တစ်ခြားပုတ်ထဲမှာလည်း ဒီပဲတွေပဲတွေ့ ရတယ်
ကျွန်တော့်အတွေးတစ်ချို့ မနေ့ ကကျပျောက်သွားခဲ့တယ်
ဝိုင်းဝန်းရှာဖွေပေးကြပါ
သီလ ၊ သမာဓိ ၊ ပညာ
ဒီနေရာမှာ တော်တော်ရှာယူကြရမယ်
ဒီပုတ်ထဲကဒီပဲဆိုပေမယ့်
တစ်ခြားပုတ်ထဲမှာလည်း………
……………………………………………
ဒီပဲတွေပဲတွေ့ နေရတယ်ဗျာ……………………။ ။
မိုးထက်အောင်
Comment #2
အရင်ထဲကမလိမ္မာတာ
Comment #5
သူငယ်တန်းရဲ့နောက်ဆုံးခုံမှာ ကျွန်တော်ကဗျာရေးနေတယ်ဆိုတာ
အမြင်မတော်ရင် ဝေဖန်ပေးသွားကြပါ…။
သူငယ်တန်းနဲ့တော့ ကဗျာရေးလို့ ဖြစ်နိုင်မယ်မထင်ပါဘူး ကို မိုးထက်..၊ ဒါကြောင့် ဝေဖန်ပေးလိုက်ပါတယ်ဗျာ…။
ဇော်သက်ဦး(Ayatekalay)
Comment #6
@_@
@__@
Comment #1
htet mite loh htet ar pay thwar tal