အိမ်လွမ်းချင်ယောင်ဆောင်နေမိတဲ့ည
ဝတ်ရုံခြုံ သွေးနဲ့ကိုယ်သားနဲ့ကိုယ်
မဆုံးတမ်းငြီးငွေ့ဖွယ် အနက်လမ်း
အချက်ပြစံတို့အိုမင်း
သွေးချင်းချင်းနီနေတဲ့ ခုတ်သားတုံးများ
စိတ်အာသာပြေမလားနဲ့
ငါတိုးရင်းနစ်နစ်
ဧရာဝတီ
လေညင်းများ…
အထီးကျန်မှူကို ဖုံးကွယ်ချင်လို့လား?
အိမ်လွမ်းချင်ယောင်ဆောင်နေမိတဲ့ည။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service