ကျေးဇူးပါချစ်သူ
ချစ်လိုက်ပီ…………
ချစ်သူရေ
မြေကြီးနဲ့တူတဲ့ငါ့ရင်ကို
မင်းကြဲချလိုက်တဲ့အချစ်တွေက
အင်အားပြင်းထန်လွန်းမှတော့
ငါ့နှလုံးသားမှာ
အချစ်တွေပေါက်ဖွားလာတာ
မဆန်းပါဘူး
ကန္တာရဆန်ဆန်နဲ့
ပစ်စလက်ခတ်ဖြစ်နေတဲ့ငါ့ရင်မှာ
ဒဏ်ရာတွေအနဲ့အတူ
အငိုတွေနဲ့
နံနက်ခင်းကိုစတင်နေခဲ့တာကြာပီလေ
ကျေးဇူးတင်ပါတယ်ချစ်သူ……
မင်းပေးတဲ့အကြင်နာတွေကြောင့်
ခုတော့ငါနံနက်ခင်းနဲ့လေညှင်းတွေကို
ငါပြုံးပြနိုင်ခဲ့ပီလေ
(ကာရံချို)သူ
Comment #2
a yan lwan de,,,chit thu,,,,
he,,he,,
By: ei lay at Dec 14, 2011
Comment #3
thz so so much,
By: ei lay at May 7, 2012
Comment #4
read again par, 😛
By: ei lay at Jun 9, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
good, chit lite sain