ရေလှိုင်းဖြူလေး
လေနဲ့အတူလွင့်မျောနေတဲ့
တိမ်တွေကို ငါငေးကြည့်တုန်း
ရေလိုင်းလေးတွေ
ကမ်းစပ်ကို ပြေးလာနေတာ
ငါမတွေ့ ဘူးဖြစ်နေတယ်
တိမ်တွေကတော့
ဟိုဘက်ကမ်းဆီကို
တရွေ့ရွေ့ခရီးနှင်နေတယ်
ရေလှိုင်းလေးတွေကတော့
တဖွေးဖွေးနဲ့
တလိမ့်ပြီးတလိမ့်
တက်နေတယ်…..
နှလုံးသားကမ်းစပ်ဆီကို…….
ရေလှိုင်းဖြူလေးရယ်….. …
ှုငါ့မျှော်လင့်ချက်တွေ
သယ်ဆောင်လာပေးပါတော့……….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service