မှန်ကြည့်ပြီး မေးတဲ့မေးခွန်း
မှန်ကြည့်ပြီး မေးတဲ့မေးခွန်း
ဇာတ်နာချက်က
ဒီအသက် ဒီအရွယ် အထိ
ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိတာဘဲ
တခါတခါတော့လည်း
ငါဟာ ကဗျာဆရာ
( ငါ့ကဗျာတွေလောက် မသာယာတာက လွဲရင် )
တခါတခါလည်း
ငါဟာ အင်ဂျင်နီယာ
( ငါ့အိမ် ငါ မဆောက်နိုင်သေးတာက လွဲရင် )
ပုံမှန်ပါပဲ
အဲဒီလို နေသားမကျမှုတွေနဲ့
( သူလို ငါလို မိုးခါးရေ မသောက်ဖြစ်တာက လွဲရင် )
ဟုတ်တယ် …… ပုံမှန်ပါပဲ
ု
နာရီထဲက ခွေးသွားစိတ်လေးလောက်တောင်
စည်းဝါး မကိုက်တဲ့ကောင်
သေသာသွားရော
ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိလိုက်ဘူး။
ချီရွန် ( ပုလဲ )
Comment #3
r,,,,,,,,,,
de de gko hti tar.
By: ei lay at Aug 20, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်
ကျွန်တော်လဲ ဒီလိုဖြစ်နေတယ်ဗျာ