ဟာလာကြီး
ကြိုးစား ဆိုတဲ့ လေးလေးလံလံ စကားတခွန်းက
သိပ်သည်းထူထဲဆ ဘယ်လောက်များမလဲ …
ကြိုးစား ဆိုတဲ့ စကားလုံး … နဲ့ …
သမာဓိချိန်ခွင် ချိန်ကြည့်လိုက်တာ …
လျှာက ဘက်လိုက်မလာဘူး …
ဘန်ကီမွန်းက နှုတ်ဆက်သွားတယ် …
ကဗျာဆရာတွေ နေကောင်းလား … တဲ့ …
ကဗျာရေးရင် အဖေနဲ့ အမေက မရူး နဲ့ တဲ့ …
မရူးနဲ့ ဆိုတဲ့ စကားက အရည်အဖတ်ပေါ့ရွှတ်နေလို့ပဲ ဖြစ်ရမယ် … 😀
မယ်မင်းကြီးမလေ ငန်တယ် ဆိုပြီး ထွေးထုတ်လိုက်တာ စကားလုံးတွေက
ပါးပါးနပ်နပ် နောက်ကျောကို ဓါးနဲ့ ထိုးတယ် …
ဒယ်အိုးထဲက တမာရွက်ကို ခပ်ထုတ်လိုက်စမ်း …
အမည်မသိ ဂြိုလ်သားရဲ့ ချစ်ကြိုက်စကားလို တူးခါးတယ် …
ဟိုရောက်လိုက် … ဒီရောက်လိုက် …
အေးအေးလူလူ တလွှာပျက်ရှုံးသွားတိုင်း ခရမ်းလွန်ရောင်ခြည်တွေ ပဲ့ပြိုကျလာတယ် …
နာနာကျင်ကျင် အော်တမ်းလိုက်တဲ့အခါ မသော်တာက တချိန်လုံး ကဗျာကြီးပဲ
ရေးမနေနဲ့ … တဲ့ …
စာမေးပွဲနီးနေပြီ … စာကျက်ဦး … တဲ့ မျက်မှန်မလေးက …
မဆာရ ကတော့ အိဒြေ္နနဲ့ ပြုံးတာ တွေ့လိုက်တယ် …
မမနှင်းကတော့ ကျွန်တော့်ထိုက်နဲ့ ကျွန်တော်ကံ လွှတ်ထားလိုက်တယ် …
ကျိန်ပြောရချည်ရဲ့ … ဘယ်သူ့ကိုမှ ဟုတ်တိပတ်တိ မမုန်းခဲ့ဖူးတာ …
ဘုံရင်ခွင် လည်း မဟုတ်တော့ မျက်ရည်ထဲမှာ ရင်ခွင်ကြီး ပက်လက်မျော … ဟော ဟိုမှာ …
ဘယ်မှာလဲ … ဒီမှာလေ စိုရွှဲနေတဲ့ ကဗျာတွေ …
မျက်လုံးတွေ နီတွန်နေပြီ … မျက်ရည်မြစ်မှာ အိပ်မက်ကလေး နဲ့ လှော် …
ငါ့ပေါ်မှာ ခပ်တည်တည်နဲ့ ပျံသန်းတဲ့ ကောင်းကင်ကြီး …
သွေးမထွက်ပေမဲ့ အထဲမှာ ကြေမွနေပြီ … ဟားးး ဟားးး ဟားးး …
မြင့်မြင့်ခင် ဘီစကစ် စားမလား …
ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ သိပ်ကောင်းတာပဲ …ခင်ဗျားတို့ သောက်ကျင့်ကျင့်တဲ့
စစ်တပ်အာဏာတွေလည်း ကြွပ်ကြွပ်ရွရွလေးနဲ့ ပုတ်ချလို့ သိပ်ကောင်းတာပဲ …
သူတို့ဟာ သူတို့တော့ ပျားပန်းခတ် အလုပ်ရှုပ်နေကြတာပဲ …
အရာမရောက်ဘဲ ထောင်နန်းစံသွားကြတာ …
ခက် တယ် … ခက် တယ် …
တစ်မရှိဘဲ နှစ်ရေးချင် … ရှိချင် ကြတာ …
အော် … ခက် တယ် …
ခက် တော့ တာ ပဲ …
ခက် တယ် …
ဘယ်တော့လဲ … ဘာအတွက်လဲ … ဘာဖြစ်လို့လဲ …
သေချာပေါက် ဘယ်သူပြောလဲ …
ကဲ … အခုချုက်ချင်း လဲ သေ လိုက် ကွာ …
လဲ လဲ လဲ သေလိုက် …
ငါ့ကို ချစ်ရဲ့သားနဲ့ ငါ့နောက် မလိုက်ရဲတဲ့ မိန်းမ …
အဲ့စကားလုံးတွေ သွံချလိုက် …
အဲ့ရေတွင်းကို သွန်ချလိုက် …
ခင်ဗျားလည်း ကိုယ်တိုင်မူပိုင်စကားပဲပြော …
ကျွန်တော်လည်း ကိုယ်တိုင်မူပိုင်စကားပဲပြော …
ချစ် တယ် … ချစ် တယ် … ချစ် တယ် …
ခေါင်းစဉ်တွေ ဖတ်ဖန်များလို့ ဖူးယောင်ခဲ့တယ် …
၈ နာရီ ၁၅(ည)
၃၁.၁.၁၁ လျံနိုး