ဒါကို ‘ ကဗျာ ‘ လို့ အားနာပါးနာ သတ်မှတ်တယ်
တစ်ခုခုကိုလွမ်းဖို့ ဆို
စိတ်ကအဆင်သင့်ဖြစ်နိုင်လွန်း . . .
အိမ်မက်အကြောင်း ထည့်ထည့်ရေးရတာ
လက်ညောင်းတယ် ။
အချစ်ကို လျက်ကြည့်ဖူးရဲ့ လား . .
( ပေါက်တတ်ကရ )
အချစ်က ပျားရည်လိုချိုတယ် ၊
အနာသိတော့ ( ဟော . .
ဟော . . ဆေးဘယ်နားမှာလဲ )
အဲ့ဒီ့လိုပြောတဲ့လူ
ဘူတာကထွက်မလို့  တာစူနေတယ်
စိတ်နဲ့ လှော်နေလိုက်တာ
ညနေမစောင်းခင်
( ဘယ်နေရာမှန်းမသိ )
ဆိုက်ရောက်တယ် ၊
ကဗျာ မှာလည်း သူ့ အထွာနဲ့ သူ
တချို့ က အခုအချိန်ထိ
” မူ “လို့ ကောင်းတုန်း . . . ။ ။
Comment #2
အားနာပါးနာသတ်မှတ်စရာမလိုပါဘူး
ကဗျာလို့ခံစားရေးထားရင် ကဗျာပေါ့ဗျာ ဘာဖြစ်ရဦးမှာတုန်း
အရေးအသားက ခပ်မိုက်မိုက်ဘဲဗျ
အားပေးပါကြောင်း ~~~
By: X - ray at Feb 12, 2012
Comment #3
တစ်ခုခုကိုလွမ်းဖို့ ဆို
စိတ်ကအဆင်သင့်ဖြစ်နိုင်လွန်း . .
By: Nge Lay at Feb 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာ မှာလည်း သူ့ အထွာနဲ့ သူ
တချို့ က အခုအချိန်ထိ
” မူ “လို့ ကောင်းတုန်း . . . ။ ။