သီချင်း (တာရာမင်းဝေ)
နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက် ငါ့ကိုလွမ်းတဲ့ည
ငါ့ကောင်းကင် နက္ခတ်တွေ ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက် ငါ့အမည် ရွတ်တဲ့ည။
ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း…လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။
သူမိုက်တွေ ဆောင်မြဲဓါးကို ယောင်ယမ်းကာ လွှတ်ချ
ကောင်မလေးတစ်ယောက် အဝေးကို ငေးတဲ့ည။
ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင် ကျောက်တုံးတွေ မွှေးမြ
ကောင်မလေးတစ်ယောက် ငါ့ကိုချစ်တဲ့ည။
ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း…လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။
တာရာမင်းဝေ
Comment #2
အရမ်း မိုက်တယ်.. 😀

Comment #4
Wow…
Super like

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
(: clapping! clapping!
အရမ်းသဘောကျတယ်…
thx thx.. (: