သတိရကြောင်း (တာရာမင်းဝေ)
မှော်ဆရာရေ…
စက်ရုပ်တစ်ရုပ်ရဲ့ရင်ဘတ်မှာ
ဝိညာဉ်ကို ကော်နဲ့ကပ်ပြီး
လူဖြစ်အောင် ငါ အသက်သွင်းဖူးတယ်။
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင် တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူချောင်းဆိုးဖူးတယ်။
သူခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းပေးစရာမလို
‘ကြယ်ကို ကြယ်နဲ့ ရံမတဲ့’
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲကည
အားလုံးကိုသူအပိုင်ရတယ်။
ပထမတော့…
‘လ’ကိုခိုစီး
ကောင်းကင်ကြီးနဲ့ တွဲက
စက္ကူဂစ်တာတလက် ပိုက်ပြီး
ပျော်လိုက်ရတာ။
နောက်မှ
စကြဝဋ္ဌာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲခုန်ချ
သူ…ဘယ်ဆီကျသွားသလဲ…။
ကဲ…မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
‘သုည’တလုံးပဲရှိတဲ့
သူ့ရဲ့တယ်လီဖုန်းနံပါတ်ဆီ ဆက်ပေးပါ။
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…သူ့ကို ‘သတိရကြောင်း’
ပြောပြပေးပါ။ ။
တာရာမင်းဝေ
Comment #2
ဘာပဲဖြစ်ဖြစ်ပြောပေးပါ….
သူ့ကို သတိရတဲ့ အကြောင်း….
Comment #3
ကဲ…မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
‘သုည’တလုံးပဲရှိတဲ့
သူ့ရဲ့တယ်လီဖုန်းနံပါတ်ဆီ ဆက်ပေးပါ။
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…သူ့ကို ‘သတိရကြောင်း’
ပြောပြပေးပါ။ ။
Comment #5
😛
Comment #1
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…သူ့ကို ‘သတိရကြောင်း’
ပြောပြပေးပါ။ ။