နေကြတ်ချိန် (တာရာမင်းဝေ)
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံးလိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ကောင်မို့
…
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန် … လို့။
တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
Comment #4
ဘာပဲပြောပြောပါလေ…သုညခြင်းတူတူတောင်..
ငါ့ဘ၀ကအသက်ရှူကြပ်ခဲ့တဲ့ကောင်ပါ…။
ကိုငှက်ရဲ့“နောက်ဆုံးသီချင်း”ကိုကြားတိုင်း..။
ငါ့ကိုတိုင်ဘ၀စာမျက်နှာတွေကျော်ပြစ်ချင်ပါရဲ့…
မိုးမခပင်တို့ရေ…။
Demon
By: Demon at Jan 12, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တာ၇ာမင်းေ၀၇ဲ့ ကဗျာအားလုံးကိုတော့ ကြိုက်တယ်။ကျေးဇူးတင်ပါတယ်။