ကဗျာရေးနေတာမဟုတ်
အားလုံးဆိတ်ငြိမ်သွားဂီတသံမြည့်မြည့်
ငါကဗျာရေးနေတာမဟုတ် အဖြေရှာနေတာဖြစ်တယ်
စိတ်ဟာ ဟိုးခြောက်နှစ် ခုနစ်နှစ်စာဆီ ပြန်ရောက်သွား
စေတနာ ရေစီးကမ်းပြိုအလိုက်အကောင်း အပြစ်အတင်ခံသက်သက်
ကြယ်ပွင့်ကလေးအတိုင်းကောင်းကင်မှာချိတ်ဆွဲလှနေစေချင်တာအတ္တဆိုရင်
ငါဘဝအဆက်ဆက် ကျွတ်လွတ်ပါ့မလား?
အဲသည်ကစ ငါဟာသိမ်မွေ့တဲ့ ငှက်ဖြစ်အောင် ညင်ညင်သာသာအပျံကျင့်ခဲ့
တုံဏှိဘာဝေပါးစပ်ပိတ် ကြိတ်တေမိဖြစ်ခဲ့
ခါးဆည်းဆည်းအပြုံးပန်းတွေပျိုးခဲ့
ဦးနှောက်ကိုလေဆာနည်းပညာနဲ့ခွဲစိပ် အဆိပ်ထုတ်ဖို့ပမ်းခဲ့
မနက်ခင်းတိုင်း စေတနာကသိုဏ်းရှူ သတိအကြိမ်ကြိမ်ပြုခဲ့
အခု
နောက်တစ်ကြိမ် ကံတရားရဲ့စမ်းသပ်ပုံလား?
ဒုတိယအကြိမ်မြောက်အခွင့်အလမ်းလား
ပန်းစပွင့်ပုံလည်းအတူတူ
မြက်နိုးမှု အတိုင်းအဆလည်းမပိုဘူးဆိုတောင်မှမလျော့
စိတ်ကူးထဲလွှမ်းမိုးနေပုံဟာ
ရေထပ်စီး ကမ်းထပ်ပြိုမတတ်စေတနာတွေဟာ ဘောင်ကွန့်မရအဖြစ်
ဘယ်ပုံစံဘယ်လိုမျိုးနဲ့
ငါဘာလုပ်ရမတဲ့လဲ စဉ်းစားတိုင်း
အားလုံးဆိတ်ငြိမ်သွားဂီတသံမြည့်မြည့်
ခုငါဟာ ကဗျာရေးနေတာမဟုတ်
အဖြေရှာနေတာဖြစ်တယ်
ဩမြိုင်